ကနီ ကင်းရွာက CDM ကျောင်းဆရာမကို စစ်အုပ်စုက အဓမ္မပြုကျင့် သ-တ်ပြီး မိခင်ကိုပါ သ-တ်-ဖြတ်၊ ကနီနယ် စစ်ရေးအခြေအနေနှင့် စစ်အုပ်စု သောင်းကျန်းနေမှုအကြောင်း မေးမြန်းချက်၊

ကနီ ကင်းရွာက CDM ကျောင်းဆရာမကို စစ်အုပ်စုက အဓမ္မပြုကျင့် သ-တ်ပြီး မိခင်ကိုပါ သ-တ်-ဖြတ်၊ ကနီနယ် စစ်ရေးအခြေအနေနှင့် စစ်အုပ်စု သောင်းကျန်းနေမှုအကြောင်း မေးမြန်းချက်၊

MFP ၊ စက်တင်ဘာ - ၃

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှို့ သ-တ်-ဖြတ် နေတဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဒေသခံပြည်သူ ခြောက်ဦး ထက်မနည်းကို သ-တ်-ဖြတ်ခဲ့ပြီး ရာချီတဲ့ အိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

ဖက်ဆစ်တပ်ဟာ ကနီနယ် ကင်းရွာထဲ ဝင်မွှေလုယက် သောင်းကျန်းချိန် ဖမ်းဆီးရမိတဲ့ ဒေသခံတွေထဲက CDM ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်-ဖြတ်ခဲ့သလို ဆရာမရဲ့ မိခင်ကိုပါ သ-တ်-ဖြတ် မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကနီနယ် သရက်ပင်ရွာက ဒေသခံ အမျိုးသမီး ငါးဦးထက် မနည်းကိုလည်း ဖက်ဆစ်တပ်က အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမယ့် အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတာ၊ ဒေသခံပြည်သူတွေ စစ်ပြေးနေရတာနဲ့ ထုတ်ဖော်ပြောဆိုဖို့ မဝံ့ရဲတဲ့ အခြေအနေတွေကြောင့် အဓမ္မပြုကျင့်မှု ဖြစ်စဉ်တွေနှင့် ပတ်သက်တဲ့ အသေးစိတ် အခြေအနေတွေ မသိရသေးဘဲ MFP အနေနဲ့ ဆက်လက် စုံစမ်းနေပါတယ်။

ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်တွေနှင့် ပစ်ခတ်ပြီး စီးနင်းဝင်မွှေ သောင်းကျန်းတဲ့ ဖက်ဆစ်တပ်ဟာ ကနီနယ်ထဲကို ဆက်လက် ဝင်မွှေပြီး ရွာစဉ်ပတ်မွှေ သောင်းကျန်းသွားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ကနီနယ်မှာ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးတွေလည်း ရှိခဲ့တယ်လို့ ကနီနယ် ကျောက်လုံးကြီး တပ်မဟာ - KLG PDF တပ်ဖွဲ့က ပြောပါတယ်။

ကနီမြို့နယ်ထဲ လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေနှင့် စစ်အုပ်စုရဲ့ လုယက် သ-တ်-ဖြတ် မီးရှို့မှုတွေ အကြောင်း ကနီနယ် ကျောက်လုံးကြီး တပ်မဟာ - KLG PDF တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ကျောင်းဆရာမ #CDM #KLGPDF