စစ်အုပ်စု နှစ်ရက်ကြာ စီးနင်းခဲ့တဲ့ ဒီပဲယင်း ကိုင်းကံရွာမှာ အလောင်း ရှစ်လောင်း တွေ့၊

စစ်အုပ်စု နှစ်ရက်ကြာ စီးနင်းခဲ့တဲ့ ဒီပဲယင်း ကိုင်းကံရွာမှာ အလောင်း ရှစ်လောင်း တွေ့၊

စစ်အုပ်စု နှစ်ရက်ကြာ စီးနင်းခဲ့တဲ့ ဒီပဲယင်း ကိုင်းကံရွာမှာ အလောင်း ရှစ်လောင်း တွေ့၊

ပြည်သူ(၃၀)ကျော်ကို ဖမ်းသွားပြီး အိမ်(၁၅၀)ကျော်၊ ဆိုင်ကယ်နှင့်ကား အစီး(၂၀၀)ကျော်ကို မီးရှို့ဖျက်ဆီး၊

ဘုရားအလှူခံပုံးပါမကျန် ဖောက်ထွင်းခိုးယူသွားပြီး ကျပ်သိန်းထောင်ချီ လုယက်ဓားပြတိုက်သွား၊

MFP ၊ ဩဂုတ် - ၇

စစ်ကိုင်းတိုင်း ဒီပဲယင်းနယ် ကိုင်းကံရွာကို စစ်ကောင်စီ အကြမ်းဖက်သမားတွေက ရဟတ်ယာဉ်နဲ့ ပစ်ခတ်ကာ နှစ်ရက်ကြာ စီးနင်းလုယက် သောင်းကျန်းခဲ့ပြီးနောက် ၎င်းတို့ ပြန်ထွက်သွားချိန် ကိုင်းကံရွာထဲမှာ အလောင်း ရှစ်လောင်းတွေ့ရှိရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ကိုင်းကံရွာထဲ ထင်တိုင်းကျဲ လုယက် သောင်းကျန်းပြီးနောက် လွတ်အောင် မပြေးနိုင်တဲ့ ပြည်သူတွေထဲက ရှစ်ဦးကို သ-တ်-ဖြတ်ခဲ့ခြင်း ဖြစ်ကာ တခြား ဒေသခံ(၃၀)ကျော်လည်း ပျောက်ဆုံးနေပြီ ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ သြဂုတ်(၄)ရက်နှင့် (၅)ရက်တွေက ဒီပဲယင်းမြို့နယ် ကိုင်းကံကျေးရွာ အပါအဝင် အင်ပင်၊ ရွာဒင်၊ လျှော်ဖြူ စတဲ့ ရွာတွေကို ရဟတ်ယာဉ်တွေနဲ့ရော မြေပြင်ကပါ ပိတ်ဆို့ပစ်ခတ်ပြီး နှစ်ရက်ကြာ စီးနင်းကာ ထင်တိုင်းကျဲ လုယက်၊ သ-တ်-ဖြတ် သောင်းကျန်း သွားတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကိုင်းကံရွာထဲမှာ ညအိပ်အထိုင်ချပြီး ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ လုယက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရုံသာမက ဒေသခံတွေကိုပါ သ-တ်-ဖြတ်သွားတာလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါ့အပြင် စစ်အုပ်စုဟာ ကိုင်းကံရွာက ၊ စပါးကြိတ်စက်နှင့် လယ်ယာသုံး စက်ပစ္စည်းတွေ အပါအဝင် အပါအဝင် ဆိုင်ကယ်၊ ကား စတဲ့ ယာဉ်ယန္တရား စုစုပေါင်း အစီး(၂၀၀)ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုင်းကံရွာဟာ အိမ်ခြေ(၃၀၀)ကျော်ရှိတဲ့ ရွာဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်း အဓိက လုပ်ကိုင်ကြကာ ဒီပဲယင်းနယ်က ကျေးရွာတွေအနက် စည်ပင်ဖွံ့ဖြိုးတဲ့ ရွာတစ်ရွာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ ဘုရားအလှူခံပါမကျန် ကိုင်းကံရွာထဲ တစ်အိမ်တက်ဆင်း ထင်တိုင်းကျဲ မွှေနှောက်ဖောက်ထွင်း ခိုးယူသွားပြီး ရွှေ၊ငွေ ကျပ်သိန်း ထောင်နှင့်ချီကာ ခိုးယူလုယက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုင်းကံကျေးရွာ အပါအဝင် ဒီပဲယင်းမြို့နယ်ထဲ စစ်ကောင်စီ အကြမ်းဖက်သမားတွေ ထင်တိုင်းကျဲ လုယက် ဓားပြတိုက် သ-တ်-ဖြတ် သောင်းကျန်းနေတဲ့ အခြေအနေနှင့် ကိုင်းကံကျေးရွာက ဒေသခံ ရွာသားတစ်ဦးကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #ကိုင်းကံရွာ #လုယက် #ဓားပြတိုက်