ဒုံးပျံ LDF တပ်ဖွဲ့က အတွဲလိုက် တာဝေးပစ် ရှော့ဒုံး တီထွင်အောင်မြင်၊ အကွာအဝေး မီတာ(၁၂၀၀) မိုင်ဝက်ကျော်အထိ ရောက်ပြီး အတွဲလိုက်ရော၊ တစ်ချက်ချင်းပါ ပစ်ခတ်နိုင်ဟုဆို၊

ဒုံးပျံ LDF တပ်ဖွဲ့က အတွဲလိုက် တာဝေးပစ် ရှော့ဒုံး တီထွင်အောင်မြင်၊ အကွာအဝေး မီတာ(၁၂၀၀) မိုင်ဝက်ကျော်အထိ ရောက်ပြီး အတွဲလိုက်ရော၊ တစ်ချက်ချင်းပါ ပစ်ခတ်နိုင်ဟုဆို၊

MFP ၊ သြဂုတ် - ၁၁

အကွာအဝေး မိုင်တစ်ဝက်ကျော်အထိ ပစ်ခတ်နိုင်သလို အတွဲလိုက်ရော၊ တစ်ချက်ချင်းပါ ပစ်ခတ်နိုင်တဲ့ အတွဲလိုက် တာဝေးပစ် ရှော့ဒုံးအမြှောက် ထုတ်လုပ်အောင်မြင်ပြီလို့ ဘုတလင်နယ် ဒုံးပျံ local PDF က သတင်း ထုတ်ပြန်ပါတယ်။

ပါဂျဲရိုးကားပေါ်တသ်ပြီး ပစ်ခတ်နိုင်တဲ့ အတွဲလိုက် တာဝေးပစ် ရှော့တိုက်အမြှောက်ကို သြဂုတ်(၉)ရက်မှာ အဆင့်မြင့်တင် ထုတ်လုပ် အောင်မြင်ခဲ့တာလို့ ဆိုပါတယ်။

“ကျွန်တော်တို့ ဒုံးပျံ local PDF မှ Update ပြုလုပ်ထားတဲ့ အတွဲလိုက် တာဝေးပစ် ရှော့တိုက်အမြောက်ကို မြန်ဆန် တိကျ ထိရောက် ကောင်းမွန်သော လက်နက်ကြီးကို သြဂုတ်(၉)ရက်မှာ ပြီးစီးအောင်မြင်ခဲ့ပါသည်။ တစ်ချက်ခြင်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ လိုသလောက် ပစ်ခတ်နိုင်ရန်အတွက် A.B.C.D.E.F ဆိုပြီး ခလုပ် ခြောက်ခု တပ်ဆင်ထားရှိတဲ့အတွက် လိုအပ်သလို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အဝေးပြေး အနေနဲ့ကတော့ မီတာ (၁၂၀၀) (မိုင်တစ်ဝက်ကျော်) အထိ ရောက်ရှိပါတယ်။ ပြည်သူများရဲ့ ဝိုင်းဝင်းကူညီမူ့ကြောင့် ကျွန်တော်တို့ အခုလို တက်တက်ကြွကြွနဲ့ လှုပ်လျားနိုင်တာပါ။ ဒါကြောင့် တတ်နိုင်သလောက် ပြည်သူများအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်များကို ဝန်းရံကူညီပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ” လို့ ဒုံးပျံ local PDF က ဖော်ပြပါတယ်။

ဒုံးပျံ Local PDF ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အတွဲလိုက် တာဝေးပစ်ရှော့တိုက် အမြောက် (Rocket) ကို တီထွင်အောင်မြင်ခဲ့ပြီး ထွေလာဂျီပေါ်တင်ကာ ပစ်ခတ် စမ်းသပ်ခဲ့သလို အဲ့ဒီ ရှော့ဒုံးနဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ အဲ့ဒီ အတွဲလိုက် တာဝေးပစ် ရှော့ဒုံး (Rocket) ကို အဆင့်မြင့် ထပ်မံ တီထွင်ထားတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒုံးပျံ #Rocket #LocalPDF #တာဝေးပစ်ရှော့ဒုံး