MFP Daily news ဩဂုတ် (၉)ရက် မန္တလေး သတင်းများ

MFP Daily news ဩဂုတ် (၉)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ

ဩဂုတ် (၉)ရက် အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးသွားပါမယ်။

၁။  ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောတွေ ဆန်တက်နေချိန် စစ်အုပ်စုက

မန္တလေးတိုင်း၊ မတ္တရာ နဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ အစပ်၊ ဧရာ၀တီမြစ်ဘေးက ရေလည်မော်ကျေးရွာကို ဝင်မွှေလုယက် မီးရှို့လို့ လူနေအိမ် (၅)လုံး၊ နွားစာတဲ (၂)လုံး နဲ့ မီးဖိုဆောင် (၃)လုံး ပျက်ဆီးခဲ့ပါတယ်။ မီးရှို့ပြီး ပြန်သွားချိန်မှ အပျက်အဆီးတွေကို ရွာခံတွေနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်း မီးငြှိမ်းသတ်ခဲ့ကြရတယ်လို့ တပ်ရင်း၁၅ (Tiger King)အဖွဲ့က ထုတ်ပြန်ပါတယ်။

။။။။။။။။။။

၂။ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းရွာက ရာအိမ်မှူးကို သေနတ်နဲ့လာပစ်ခတ်တဲ့ လူငယ် ရွာခံတွေကြောင့် အဖမ်းခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ရွာလယ်မှာ ဒီနေ့ နေ့လယ်က ရာအိမ်မှူးကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးချိန် ရွာခံတွေက လိုက်ဖမ်းခဲ့ကြတာပါ။ ဖမ်းဆီးခံရတဲ့လူငယ်ရဲ့ နောက်ဆက်တွဲအခြေအနေကိုလည်း မသိရသေးပါဘူး။

။။။။။။။။။။

၃။ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက ထွန်စက်မောင်းသူရဲ့ ဖုန်းထဲမှာ မြေဧကတိုင်းတာတဲ့ ဆော့ဝဲလ်တစ်ခုတွေ့လို့ စစ်အုပ်စုက ဖမ်းဆီးရိုက်နှက်စစ်ဆေးရာမှာ သေဆုံးခဲ့ပါတယ်။ သေဆုံးသူဟာ ဩဂုတ်(၈)ရက်က နွားထိုးကြီးမြို့ကို အသွားမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး စစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းထဲထိ ခေါ်သွားကာ ဆက်လက်ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် အဲ့ဒီနေ့ ညပိုင်းမှာ သေဆုံးခဲ့တာလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။

။။။။။။။။။။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ