စစ်မက်ကာလ ကလေးတွေ ပညာသင်ကြားနိုင်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

စစ်မက်ကာလ ကလေးတွေ ပညာသင်ကြားနိုင်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

MFP ၊ သြဂုတ် - ၂၉

စစ်ပွဲတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေသင့်ပါဘူး။ စစ်မက် ဖြစ်ပွားနေချိန်မှာတောင် ကလေးတွေ အနေနဲ့ လက်လမ်းမီ သင့်တော်တဲ့ နည်းလမ်းနဲ့ ဆက်လက် ပညာ သင်ကြားခွင့် ရရှိသင့်ပါတယ်။

ပညာသင်ကြားမှုက ကလေးသူငယ်တွေကို စိတ်ပိုင်းဆိုင်ရာ ကာကွယ်မူပေးနိုင်ပါတယ်။ ဒါ့အပြင် ပညာရေးက ကလေးတွေရဲ့ လူမူရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အများကြီး အထောက်အကူ ပေးနိုင်ပါတယ်။

စစ်ပွဲတွေကြောင့် မိသားစုနဲ့ အချိန်ကြာမြင့်စွာ ခွဲခွာရတာ၊ မိဘဆွေမျိုးနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ သေဆုံးတာ စတဲ့ အခြေအနေတွေက ကလေးတွေအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မူတွေ ဖြစ်စေနိုင်ပါတယ်။ စစ်မက်ကာလမှာ ကလေးတွေ ဖမ်းဆီးခံရတာ၊ နှိပ်စက်ခံရတာ ကြုံရနိုင်သလို အကြမ်းဖက်မူတွေကို မျက်မြင် ဒါမှဟုတ် ကိုယ်တွေ့ ကြုံရနိုင်ပြီး အဲ့ဒီ အခြေအနေတွေက ကလေးတွေကို မလုံခြုံမူတွေ၊ စိုးရိမ်သောကနှင့် အကြောက်တရားတွေ ရရှိစေနိုင်ပါတယ်။

ပညာသင်ကြားနိုင်မူ အခွင့်အလမ်းတွေက ကလေးတွေရဲ့ စိတ်ဒဏ်ရာ အမာရွတ်တွေကို လျော့ချ၊ အစားထိုးနိင်၊ မေ့ဖျောက် စေနိုင်ပါတယ်။

ကလေးတွေက ဖွံဖြိုးတိုးတက်မူ လမ်းကြောင်းပေါ်မှာပဲ ရှိသေးတဲ့အတွက် ပညာ ဆက်လက် သင်ကြားခြင်းကသာ သူတို့ရဲ့ အရည်အသွေးတွေ တိုးတက်စေမှာပဲ ဖြစ်တယ်။ ကလေးတွေ ကြုံခဲ့ရတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေကြောင့် ရရှိလာတဲ့ စိတ်ပိုင်းဆိုင်ရာ အမာရွတ်တွေ မကြီးထွားလာစေဖို့ ပညာ ဆက်လက် သင်ကြားခြင်းကို ကာကွယ်ရေး နည်းလမ်းအဖြစ် အသုံးချနိုင်ပါတယ်။

ဒါ့အပြင် စိတ်ဒဏ်ရာ ခံစားနေတဲ့ ကလေးတွေနဲ့ အထူးဂရုစိုက်မူ လိုအပ်နေတဲ့ ကလေးတွေ ပြန်လည် နလန်ထူရေးအတွက်လည်း စာသင်ခန်းတွေ၊ ဆရာ၊ဆရာမတွေက အကူအညီ ဖြစ်စေနိုင်ပါတယ်။

အကောင်းဆုံးအချက်ကတော့ ကလေးသူငယ်တွေ စာသင်ခန်းထဲမှာ ရှိနေခြင်းက လက်နက်ကိုင်တွေရဲ့ စစ်သားသစ် စုဆောင်းခြင်းကနေ ကာကွယ် ပေးနိုင်သလို ပညာရေးကြောင့် ပြည်တန်ဆာအဖြစ် အသုံးချခံရတာ၊ စောစီးစွာ ကိုယ်ဝန်ဆောင်ခြင်းနှင့် မူးယစ်စေတက်တဲ့ အရာတွေကို သုံးစွဲခြင်းတွေကိုလည်း ကောင်းစွာ လျောကျစေနိုင်ပါတယ်။

(Ref -The Importance of Children’s Right to Education in Armed Conflicts. Humaniun)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးသူငယ် #ပညာရေး #စစ်ပွဲ #ပဋိပက္ခ