စကစ (၁၈)ယောက် သေတဲ့ ကနီနယ် ချမ်းသာစုရွာအနီး တိုက်ပွဲ၊

စကစ (၁၈)ယောက် သေတဲ့ ကနီနယ် ချမ်းသာစုရွာအနီး တိုက်ပွဲ၊

MFP ၊ စက်တင်ဘာ - ၃

စစ်ကိုင်းတိုင်း ကနီနယ် ချမ်းသာစုရွာအနီးမှာ သြဂုတ်(၂၃)ရက်က စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစ (၁၈)ယောက် သေတယ်လို့ ကနီနယ် ကျောက်လုံးကြီး တပ်မဟာ - KLG PDF က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၂၃)ရက် နေ့လည်(၂)နာရီက မုံရွာ - ယာကြီး - ကလေး၀ လမ်းအတိုင်း ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှို့နေတဲ့ အင်အား (၁၅၀)ကျော်ပါ စစ်အုပ်စုကို ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်န်ကငယ်တွေနှင့် ဝိုင်းဝန်း ပိတ်ဆို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကနီမြို့နယ် ချမ်းသာစုရွာအနီး ခွေး (၁၈)ကောင်သေပြီး ရှစ်ကောင် ဒါဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ မှတ်တမ်း” ဆိုပြီး ကနီ KLG PDF (ကျောက်လုံးကြီး)က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ပွဲမှာ KLG PDF (ကျောက်လုံးကြီး)အဖွဲ့က ရဲဘော်နှစ်ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ သြဂုတ်လကုန်ပိုင်းက နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အကျအဆုံးတွေ ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ကျောက်လုံးကြီး #KLGPDF