မြောင်နယ်ထဲ စစ်အုပ်စု သောင်းကျန်းနေလို့ ပြည်သူတွေ ညအချိန်မတော် ထွက်ပြေးနေရ၊

မြောင်နယ်ထဲ စစ်အုပ်စု သောင်းကျန်းနေလို့ ပြည်သူတွေ ညအချိန်မတော် ထွက်ပြေးနေရ၊

MFP ၊ စက်တင်ဘာ - ၂၀

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရွာထဲ စီးနင်းအထိုင်ချနေတဲ့ ဖက်ဆစ်တပ်က ညအချိန် ပြည်သူတွေကို ရန်ပြု သောင်းကျန်း ပစ်ခတ်နေလို့ ဒေသခံတွေ ညအချိန်မတော် ထွက်ပြေးနေရတယ်လို့ သတင်း ရရှိပါတယ်။

ဖက်ဆစ်တပ်က ရန်ပြု သောင်းကျန်းနေလို့ မြောင်မြို့နယ် ကိုးပင်ကျေးရွာ အပါအဝင် ကျောက်ရစ်နှင့် အနီးဝန်းကျင် ရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

“စက်တင်ဘာ(၁၉)ရက် ည(၉)နာရီအချိန် မြောင်မြို့နယ် ကျောက်ရစ် ခွေးခြံထဲက ခွေးများ ကိုပင်းရွာ အရှေ့ဘက်ကနေ လက်နက်ကြီး လက်နက်ငယ်များနှင့် ရမ်းသမ်း ပစ်ခက်မှုကြောင့် အနီးနာရှိ မိဘပြည်သူများ ဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြရပါတယ်” လို့ ကိုမိုင်းချစ်အဖွဲ့ ၊ မြောင်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်အုပ်စုက လက်နက်အားကိုးနှင့် ပြည်သူကို သောင်းကျန်း ရန်ပြုနေတာကြောင့် မြောင်နယ်ထဲက ဒေသခံတွေဟာ ကိုယ့်အိမ်ကိုယ့်ယာမှာ အေးအေးချမ်းချမ်း မနေဝံ့ဘဲ နေ့၊ညအချိန်မရွေး ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #ကျောက်ရစ် #ကိုးပင်ရွာ