MFP ရဲ့ စက်တင်ဘာ (၁၉)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ (၁၉)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၁၉)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာအနီးမှာ မနေ့ ညနေပိုင်းက အမှတ်(၁၃) တန်းမြင့် လေ့ကျင့်ရေးကျောင်း လှုပ်ရှားစစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းဦး အပါအဝင် စကစ သုံးယောက်ကို တိုက်ခိုက် သု-တ်-သင်ခဲ့ပြီး သေနတ် သုံးလက် သိမ်းဆည်း ရရှိခဲ့တယ်လို့ သပိတ်ကျင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ ချောင်းကြီးရွာ အရှေ့ဘက်က မီးလမ်း ရွှေလုပ်ကွက်ဘက် ကားနဲ့ လာတဲ့ ဗိုလ်မှူး မျိုးမင်းဦး၊ အရာခံ ဗိုလ်တစ်ဦးနှင့် ယာဉ်မောင်း စကစတစ်ဦးကို တိုက်ခိုက် သု-တ်-သင်ခဲ့တာ ဖြစ်ပြီး ဒီမနက်ပိုင်းမှာလည်း စဉ့်ကူးမြို့ကနေ ဖောကားနှစ်စီးနဲ့ ချောင်းကြီးရွာဘက် တက်လာတဲ့ စစ်အုပ်စုကို ပဒေသာမိုင်း (၁၀)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ရာ စခ ရှစ်ယောက် ထိခိုက်သွားတယ်လို့ ဗိုလ်လင်းယုန် အဖွဲ့က ဆိုပါတယ်။

အဲ့လို တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက သပိတ်ကျင်းနယ်ထဲ အင်အားတိုးကာ တောတိုးဝင်မွှေတာ၊ ဒေသခံတွေကို စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂။ စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဖွင့်လှစ်နေတဲ့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာမြို့သစ်၊ (၁၁၄)လမ်း၊ လမ်း(၅၀)အနီးက ငါးဂိမ်းလောင်းကစားဆိုင်ကို ဒီမနက် ဗုံးထုတိုက်ခိုက်ခဲ့ရာ ဆိုင်အပေါက်စောင့် ပျူလူမိုက် ငါးယောက် ထိတယ်လို့ DRM Rangers Mandalay — PDF က သတင်း ထုတ်ပြန်ပါတယ်။

၃။ အမရပူရမြို့နယ်၊ စစ်ကိုင်း - မြစ်ငယ်လမ်းမှာ ဒီမနက်ပိုင်း အိမ်စီးကားနဲ့ လှည့်နေတဲ့ စစ်အုပ်စုကို အဝေးထိန်းမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ မြစ်ငယ် MN PDF တာဝန်ရှိသူက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ