MFP ရဲ့ စက်တင်ဘာ(၃၀)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ(၃၀)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မြန်မာနိုင်ငံမှာ မကြာခင် နျူကလီးယားစွမ်းအင်က ရရှိတဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုတော့မယ်လို့ မင်းအောင်လှိုင်က မနေ့က မန္တလေးက စီးပွားရေးသမားတွေနဲ့ တွေ့ဆုံရာ ကြုံးဝါးပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မင်အောင်လှိုင်ရဲ့ ရှရှားခရီးစဉ်မှာ ပူတင်နဲ့ လက်ဆွဲနှုတ်ဆက်ခွင့် ရခဲ့သလို မြန်မာနိုင်ငံတွင်း ဓာတ်အားထုတ်လုပ်မယ့် နူးကလီးယား စက်ရုံ အသေးစားတစ်ခု တည်ဆောက်ဖို့အထိ ပါဝင်တဲ့ ရှရှား - မြန်မာ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် မင်းအောင်လှိုင်က အခုလို နူးကလီးယားကနေ ဓာတ်အားထုတ်လုပ်ဖို့ စိတ်ကူးယဉ်နေတာ ဖြစ်ပါတယ်။

၂။ မန္တလေးမြို့ အိုးဘို အကျဉ်းထောင်မှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးထောင်ချ ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတစ်ဦးစက်တင်ဘာ(၁၇)ရက်က ဆေးကုသခွင့် မရတဲ့အတွက် ဆုံးပါးခဲ့တယ်လို့ အိုးဘိုထောင်အတွင်းကနေ ပြင်ပကို ပေါက်ကြားလာတဲ့ စစ်အုပ်စုရဲ့ ထောင်တွင်းဖိနှိပ်မှုတွေ အကြောင်း ရေးသားထားတဲ့ စာတစ်စောင်မှာ ဖော်ပြထားပါတယ်။

၃။ မြင်းခြံနယ်၊ ဆီမီးခုံ ဆိပ်ကမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ရေတပ်က ဗိုလ်တစ်ယောက် စက်တင်ဘာ(၂၅)ရက်က အရက်မူးပြီး ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရာက ရေနစ်သေတယ်လို့ ဒေသတွင် သတင်းတွေ တင်ဆက်နေတဲ့ ဆီမီးခုံသတင်းက ဖော်ပြပါတယ်။

၄။ ညောင်ဦးမြို့နယ် စဉ့်ကူမြို့မှာ နေတဲ့ ကြံ့ခိုင်ရေးပါတီ အမတ်လောင်းဟောင်း အောင်မင်းထိုက်ကို ပြောက်ကျားတပ်ဖွဲ့ သုံးဖွဲ့ ပူးပေါင်းပြီး ကျည်လေးတောင့်နဲ့ မနေ့က ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ မြင်းခြံ ထနောင်းမြေ ပြောက်ကျားတပ်က သတင်း ထုတ်ပြန်ပါတယ်။

၅။ မန္တလေးတိုင်း မတ္တရာနယ်၊ ဧရာဝတီမြစ်ရိုးတလျှောက် ဓားပြမှု၊ လုယက်မှုတွေ ကျူးလွန်နေတဲ့ အဖွဲ့ဝင် (၁၅)ဦးပါ နာမည်ကြီး ဓားပြဂိုဏ်းကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် PDF တပ်ရင်း(၁၈) က သတင်း ထုတ်ပြန်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ