ကလစ်တစ်ချက်က လက်သီးတစ်လုံးလို ထိရောက်တာမို့ ကိုယ်တိုင် မတိုက်နိုင်သူတွေ ကလစ်ကြဖို့ ဗိုလ်နဂါး တိုက်တွန်း၊

ကလစ်တစ်ချက်က လက်သီးတစ်လုံးလို ထိရောက်တာမို့ ကိုယ်တိုင် မတိုက်နိုင်သူတွေ ကလစ်ကြဖို့ ဗိုလ်နဂါး တိုက်တွန်း၊

MFP ၊ စက်တင်ဘာ - ၁၆

တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာပေးနေတဲ့ ယူကျူ့ချန်နယ်နဲ့ အက်ပ်လီကေးရှင်းတွေမှာ ကလစ်လုပ်ခြင်းဟာ စစ်အုပ်စုကို လက်သီးနဲ့ ထိုးနှက်ရသလို ထိရောက်မှု ရှိတာမို့ စစ်မြြေပ်ငမှာ ကိုယ်တိုင် ပါဝင်တိုက်ခိုက်နိုင်ခြင်း မရှိတဲ့ ပြည်သူတွေ အနေနဲ့ ကလစ်လုပ်ပေးကြဖို့ မြန်မာ့တော်ဝင်နဂါးတပ်တော် - MRDA ခေါင်းဆောင် ဗိုလ်နဂါးက တိုက်တွန်းပါတယ်။

MRDA ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဒီကနေ့ ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ ဗိုလ်နဂါးက အထက်ပါအတိုင်း တိုက်ထွန်းထားတာ ဖြစ်ပါတယ်။

လတ်တလောမှာ တိုက်ပွဲဝင်ရင်း ဒဏ်ရာရတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သူ့အနေနဲ့ အန္တရာယ် ကင်းကြောင်းနဲ့ ကိုယ်တိုင် မြေပြင်ဆင်းပြီး တိုက်ပွဲဝင်တာထက် အဝေးကနေ ကြီးကြပ်နေတယ်လို့ ဗိုလ်နဂါးက ဆိုပါတယ်။

“ယခုလတ်တလော ထွက်နေတဲ့သတင်းများနဲ့ ပတ်သက်ပြီး တော်လှန်ရေးကို အစဉ်အမြဲ အားစိုက်ကြတဲ့ တိုင်းရင်းသား ညီကိုမောင်နှမများ အနေနဲ့ လာရောက် မေးမြန်းနေကြတာ ရှိလို့ ယခုလို video လေး တင်ရခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။ တော်လှန်ရေးအောင်ပွဲ မြန်နိုင်သမျှ မြန်ဖို့ နေ့စဉ်နဲ့အမျှ အားစိုက်ထုတ်လျက် ရှိပါကြောင်းလည်း မိဘပြည်သူများအား အသိပေးလိုပါတယ်။ တိုင်းရင်းသား ညီအကိုများ အနေနဲ့လည်း တော်လှန်ရေးအောင်ပွဲ မြန်နိုင်သမျှ မြန်ဖို့ ပါဝင်နိုင်တဲ့ နေရာအသီးသီးကနေ ဆက်လက် အားစိုက်ထုတ်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ ဗိုလ်နဂါးက ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲ #ဗိုလ်နဂါး #MRDA