မင်္ဂလာပါခင်ဗျာ
ဩဂုတ် (၁၅)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။
၁။ မတ္တရာမြို့နယ် ရွာတန်းရှည်ကျေးရွာက ပျူစောထီးခေါင်းဆောင်ကို မနေ့က ဖမ်းဆီးခဲ့ပြီး လက်နက်အချိူ့လည်း သိမ်းဆည်းရခဲ့တယ်လို့ ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုက ထုတ်ပြန်ပါတယ်။ စစ်အုပ်စုကို ရွာထဲခေါပြီး ပြည်သူကို နှိပ်စက်နေတာကြောင့် အခုလို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
၂။ ဝမ်းတွင်းမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဩဂုတ် (၁၃)ရက်က စစ်ကားနှစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စကစတွေ သေဆုံးဒဏ်ရာရတဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကြေးနန်းစာ ပေါက်ကြားတယ်လို့ ဆိုကာ စကစ လက်အောက်ခံ မြို့နယ် ပြန်ဆက်၊ ရဲနဲ့ ထွေအုပ်ဝန်ထမ်းတွေ (၂၀)ခန့်ကို စစ်အုပ်စုက ဖမ်းဆီး စစ်ဆေးနေတယ်လို့ Voice of Wundwin က ဖော်ပြပါတယ်။
၃။ မြစ်သားနယ်မှာ ဖမ်းခံခဲ့ရတဲ့ လူငယ်ကို စစ်အုပ်စုက ဓားစာခံလူသားဒိုင်းအဖြစ် အသုံးချကာ PDF စခန်းတွေ လိုက်ပြခိုင်းပြီး စီးနင်းဖို့ကြိုးစားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဩဂုတ်(၁၄)ရက် ညနေက မြစ်သားနယ်ထဲက PDF စခန်းရှိတဲ့ တောင်ပေါ်ကို စစ်အုပ်စုက ဓားစာခံ လူသားဒိုင်းတွေနဲ့ ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး PDF ရဲဘော်တွေ အားလုံး လွတ်မြောက်ခဲ့ပေမယ့် လက်နက်ခဲယမ်းနှင့် ရိက္ခာတွေတွေ သိမ်းဆည်းခံရတယ်လို့ ဆိုတယ်။
Facebook -https://www.facebook.com/mandalayfreepress
Instagram - https://www.instagram.com/mandalayfreepress/
Twitter - https://twitter.com/MFP_Mandalay
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ