ဝက်လက်နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက် သတ်ဖြတ် မီးရှို့နေဆဲ၊ စကစ လက်နက်ကြီးကြောင့် သုံးနှစ်အရွယ်ကလေး ဒဏ်ရာရပြီး မိခင် သေဆုံး

ဝက်လက်နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက် သတ်ဖြတ် မီးရှို့နေဆဲ၊ စကစ လက်နက်ကြီးကြောင့် သုံးနှစ်အရွယ်ကလေး ဒဏ်ရာရပြီး မိခင် သေဆုံး

MFP ၊ နိုဝင်ဘာ - ၈

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ခြမ်းနဲ့ အရှေ့ခြမ်း ရှိမ်းမကားဒေသက ရွာတွေထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့၊ သောင်းကျန်းနေဆဲဖြစ်ပြီး တန်ဆောင်တိုင်ညက စစ်အုပ်စု မူးရူးသောက်စားပြီး လက်နက်ကြီးနဲ့ထုလို့ ရှိမ္မကားရွာက သုံးနှစ်အရွယ်ကလေးငယ် တစ်ဦး အပြင်းအထန် ဒဏ်ရာရကာ ကလေးမိခင်ဖြစ်သူ သေဆုံး ခဲ့ပါတယ်။

စစ်အုပ်စုဟာ နိုဝင်ဘာ(၆)ရက်က စတင်ပြီး ဝက်လက်အနောက်ခြမ်းက ရွာတွေထဲ နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ လုယက် လူသတ်၊ မီးရှို့နေပြီး ဝက်လက်နယ် အရှေ့ခြမ်း ရှိမ္မကားရွာထဲက စစ်အုပ်စုကလည်း ပြည်သူတွေကို ရန်ပြု သောင်းကျန်းကာ လက်နက်ကြီးနဲ့ ပတ်ထုနေတယ်လို့ ဆိုပါတယ်။

တန်ဆောင်တိုင် ည(၈)နာရီမှာ ရှိမ္မကားရဲစခန်းထဲက စစ်အုပ်စု မူးရူးသောက်စားပြီး လက်နက်ကြီးနဲ့ ထုတာကြောင့် ရှိမ္မကားရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး သုံးနှစ်အရွယ် ကလေးအပါအဝင် မိသားစု လေးဦး ဒဏ်ရာရကာ မိခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။

စစ်အုပ်စုဟာ နိုဝင်ဘာ(၈)ရက်မှာ ဝက်လက်အနောက်ခြမ်းက ပိတောက်ခြုံရွာထဲ စီးနင်းဝင်မွှေ လုယက် ဓားပြတိုက်ပြီး နေအိမ် (၆၁)လုံးကို မီးရှို့ဖျက်ဆီးသွားပါတယ်။

ဝက်လက်နယ်ထဲ စစ်အုပ်စုက သောင်းကျန်းနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဝက်လက်မြို့နယ် Eagle Guerrilla Force တပ်ဖွဲ့က တပ်ရင်းမှူး ကိုကောက်ရိုးက MFP ကို အခုလို ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ဝက်လက် #ရှိမ္မကား #မိသားစု #မိခင်