မန္တလေးမြို့မှာ စက်သုံးဆီဝယ်ဖို့ အချိန်အကြာကြီး တန်းစီရ၊

မန္တလေးမြို့မှာ စက်သုံးဆီဝယ်ဖို့ အချိန်အကြာကြီး တန်းစီရ၊

MFP ၊ ဩဂုတ်-၁၄

မန္တလေးမြို့မှာ စက်သုံးဆီ ဝယ်ယူခွင့်ရဖို့ အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းရပြီး လိုသလောက်လည်း ဝယ်မရဘူးလို့ မြို့ခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ လေး၊ငါးရက် လောက်က စတင်ကာ အခုလို တန်းစီ ဝါ်ယူနေရတာ ဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင်တွေကလည်း စျေးမြှင့်ပြီး အကန့်အသတ်နဲ့သာ ရောင်းပေးတယ်လို့ ဆိုပါတယ်။

"လူရှင်းတဲ့အချိန်တောင် အနည်းဆုံး တစ်နာရီခွဲလောက် စောင့်ရတယ်။ တခါတလေ ဓာတ်ဆီဝယ်ဖို့ တိုးရင်း နေ့တစ်ပိုင်းကုန်တယ်" လို့ မန္တလေးမြို့ခံ ကားပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ဒီနေ့ သြဂုတ် (၁၄)ရက် မနက်ပိုင်း မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီအမျိုးအစားပေါ် မူတည်ပြီး တစ်လီတာ ကျပ် (၂၃၀၀)ကျော်ကနေ ကျပ် (၂၇၅၀) စျေးနဲ့ ရောင်းချနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုက နိုင်ငံထဲမှာ ရှိနေတဲ့ ကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဒေါ်လာတွေကို အပြင်ပေါက်စျေးထက် စျေးလျှော့ကာ သိမ်းယူပြီးနောက် ငွေလဲနှုန်းတွေ မတည်မငြိမ်ဖြစ်ကာ နောက်ဆက်တွဲ အနေနဲ့ အခုလို စက်သုံးဆီ စျေးတက်ပြီး ရှားပါးတာ၊ ကုန်စျေးနှုန်း မြင့်တက်တာတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စက်သုံးဆီပြတ်လတ်