ဓမ္မဘက်က ရပ်တည်တဲ့ ဆရာများအား ဂုဏ်ပြုရင်း ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ချီတက်၊

ဓမ္မဘက်က ရပ်တည်တဲ့ ဆရာများအား ဂုဏ်ပြုရင်း ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ချီတက်၊

MFP ၊ အောက်တိုဘာ - ၅

Video – Thet Oo

ဒီနေ့ အောက်တိုဘာ(၅)ရက်မှာ ကျရောက်တဲ့ “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် တော်လှန်ရေးကာလ ကြားကာလပညာရေးမှာ ပူးပေါင်းပါဝင်နေကြတဲ့ ဆရာ/ဆရာမများနှင့် ခေတ်အဆက်ဆက် ဓမ္မဘက်က ရပ်တည်ပြီး မျိုးဆက်သစ် လူငယ်များအတွက် အနစ်နာခံကာ ပညာသင်ကြားပေးခဲ့ကြတဲ့ ဆရာ/ဆရာမများအား ဂုဏ်ပြုကြောင်း ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ဦးဆောင် ကော်မတီက ဦးဆောင်ကာ စက်ဘီးစီးပြီး ချီတက် ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။

ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဟာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး နေ့စဉ် ချီတက် ဆနဒပြနေတဲ့ သပိတ်စစ်ကြောင်းဖြစ်ပြီး ဒီကနေ့ဟာ (၅၇၄)ရက်မြောက်အဖြစ် ချီတက် ဆန္ဒပြတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #ရွာပေါင်းစုံ #သပိတ် #လူထုသပိတ် #စက်ဘီး #ကမ္ဘာ့ဆရာများနေ့