မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်က ကာကွယ်ဖို့ အကြံပြုချက်များ

မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်က ကာကွယ်ဖို့ အကြံပြုချက်များ

MFP ၊ သြဂုတ် - ၃၀

မိုင်း၊ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် ပစ္စည်းတွေမှာ သက်တမ်း ကုန်ဆုံးရက် မရှိပါဘူး။ ဘယ်လောက် ဟောင်းနွမ်းနေပါစေ ပေါက်ကွဲနိုင်ပြီး လူကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ စနက်တံကို ထိရုံမျှနဲ့လည်း ပေါက်ကွဲနိုင်ပါတယ်။

မိုင်းတွေဟာ အရွယ်အစား၊ ပုံသဏ္ဍန်နှင့် အရောင်မျိုးစုံ ရှိနိုင်ပြီး သတ္ထု၊ ပလပ်စတစ်၊ သစ်သား၊ ဝါး စတာတွေနဲ့ ပြုလုပ်ထား နိုင်ပါတယ်။ သေဆုံးနေတဲ့ တိရစ္ဆာန်တွေ၊ မြက်ပင်ခြုံပုတ်တွေ၊ ပုံမှန်မဟုတ်တဲ့ မြေဖို့ထားတဲ့ နေရာတွေ၊ လတ်တလော ဘယ်သူမှ ဖြတ်သန်းသွားလာမှု မရှိတဲ့နေရာတွေ စတဲ့ နေရာတွေမှာ မိုင်းထောင်ထားနိုင်တာကြောင့် သတိထားသင့်ပါတယ်။

ကလေးသူငယ်တွေ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်က ကာကွယ်ဖို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)က အသိပညာပေး အကြံပြုချက် (၆)ချက် ထုတ်ပြန်ထားပါတယ်။

၁။ မိမိနဲ့ အကျွမ်းတဝင်မရှိတဲ့ ဒေသတွေကို ခရီးသွားရင် လူအများ အသုံးပြုတဲ့ လမ်းမ၊ လမ်းကြောင်းတွေကို အသုံးပြုပါ။

၂။မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ဘယ်တော့မှ ထိတွေ့ကိုင်တွယ်တာ မပြုလုပ်ပါနဲ့။

၃။နေရာတစ်ခုကို မီးရှို့လိုက်တာနဲ့ လုံခြုံစိတ်ချရပြီလို့ မဆိုနိုင်ပါ။ မိုင်းနှင့် ပေါက်ကွဲစေနိုင်တဲ့ လက်နက်ပစ္စည်း အကြွင်းအကျန်တွေ ရှိနေနိုင်ပါတယ်။

၄။မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေနိင်တဲ့ လက်နက် အကြွင်းအကျန်တွေကို တစ်စုံတရာနဲ့ ဘယ်တော့မှ မပစ်ပေါက်ပါနဲ့။

၅။မိုင်း(သို့မဟုတ်) ပေါက်ကွဲနိုင်တဲ့ လက်နက် အကြွင်းအကျန် တစ်ခုခုကို တွေ့တာနဲ့ မိုင်းရှင်းကျွမ်းသူတစ်ဦးဦးကို အကြောင်းကြားပါ။

၆။ပေါက်ကွဲစေနိုင်တဲ့ လက်နက်အကြွင်းအကျန်တွေရဲ့ ဝေးရာမှာ နေပါ။ အန္တရာယ်ရှိနေရာရဲ့ ပတ်ဝန်းကျင်ကို ဘယ်တော့မှ မချည်းကပ်ပါနဲ့။ အခြားသူများကိုလည်း အန္တရာယ်ရှိတဲ့နေရာကို မသွားဖို့ တားဆီးပါ။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပေါက်ကွဲမှု #မိုင်း