"တော်လှန်စိတ်ဓာတ်ကို မီးရှို့ပြာချလို့ မရ" ကြွေးကြော်ပြီး ၅/အရာတော် လူထုသပိတ် ချီတက်ဆန္ဒပြ၊

"တော်လှန်စိတ်ဓာတ်ကို မီးရှို့ပြာချလို့ မရ" ကြွေးကြော်ပြီး ၅/အရာတော် လူထုသပိတ် ချီတက်ဆန္ဒပြ၊

MFP ၊ ဩဂုတ် - ၁၆

စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကိုင်းတိုင်း အရာတော်နယ်ထဲက ကျေးရွာတစ်ရွာမှာ "တော်လှန်စိတ်ဓာတ်ကို မီးရှို့ပြာချလို့မရ" ဆိုတဲ့ ကြွေးကြော်သံနှင့်အတူ ၅/အရာတော် လူထုသပိတ်စစ်ကြောင်းက ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ဒီနေ့ သြဂုတ်(၁၆)ရက်မှာ ချီတက် ဆန္ဒပြခဲ့ပါတယ်။

အရာတော်နယ်က မီးရှို့ခံ ကျေးရွာတစ်ရွာမှာ အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်တဲ့ အဲ့ဒီ လူထုသပိတ် ဆန္ဒပြပွဲကို မန္တလေး သပိတ်အင်အားစု အဖွဲ့ဝင်တွေ လာရောက် ပူးပေါင်းခဲ့ပြီး "တော်လှန်စိတ်ဓာတ်ကို မီးရှို့ပြာချလို့မရ" ၊ "စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း" စတဲ့ ဘန်နာစာတန်းတွေ ကိုင်စွဲပြီး ကြွေးကြော် ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #လူထု #သပိတ် #PeopleStrike #ရွာ