မုံရွာ နမခ တိုင်းမှူး သန်းထိုက်နှင့် အဖွဲ့ အောင်ပွဲခံ သောက်စားပျော်ပါး၊

မုံရွာ နမခ တိုင်းမှူး သန်းထိုက်နှင့် အဖွဲ့ အောင်ပွဲခံ သောက်စားပျော်ပါး၊

MFP ၊ နိုဝင်ဘာ - ၁

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မြောက်ပိုင်းနှင့် ချင်းပြည်နယ်ကို တာဝန်ယူရတဲ့ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ က တိုင်းမှူး သန်းထိုက်နှင့် စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေ အောက်တိုဘာ(၃၁)ရက် မနေ့က ညပိုင်းမှာ ညစာစားပွဲ ပြုလုပ်ပြီး မူးရူးသောက်စား အောင်ပွဲခံ ပျော်ပါးခဲ့ကြတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ခန်းမမှာ ညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အထွေအထူး အကြောင်းပြချက်မရှိဘဲနဲ့ တိုင်းမှူး သန်းထိုက်က လက်အောက်ခံ စကစတွေကို ညစာစားပွဲနဲ့ ဂုဏ်ပြုဧည့်ခံခဲ့တာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နမခ နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်ဟာ စစ်အုပ်စုရဲ့ သတ်ဖြတ်၊ မီးရှို့၊ လုယက်၊ အကြမ်းဖက်မှုတွေ အဆိုးရွားဆုံး ခံစားနေရတဲ့ ဒေသတွေဖြစ်ပြီး စစ်ကိုင်းတိုင်း တစ်တိုင်းထဲမှာကိုပဲ စစ်အုပ်စုက အိမ်ခြေ (၂၂၀,၀၀၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းနှင့် မကွေးတိုင်းထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူပြီးနောက် ခိုးရာပါ ပစ္စည်းတွေကို ထွေအုပ်တွေကတဆင့် အများပြည်သူ သက်သာချောင်ချိရေး ဈေးရောင်းပွဲအဖြစ် လျှော့ဈေးနဲ့ ပြန်လည် ရောင်းချပြီး ငွေဖော်တာတွေလည်း ရှိနေတယ်လို့ စစ်ကိုင်းတိုင်း ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မုံရွာ #နမခ #အောင်ပွဲခံ