မြိုင်နယ် ကျေးရွာတစ်ရွာမှာ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်၊

မြိုင်နယ် ကျေးရွာတစ်ရွာမှာ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်၊

MFP ၊ အောက်တိုဘာ - ၁၂

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတစ်ရွာမှာ မနေ့က နေ့လည်ပိုင်း စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်တွေ သုံးနာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစတွေ အသေအပျောက် များနိုင်တယ်လို့ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - Young Force က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၀)ရက် နေ့လည်ပိုင်းက မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မြိုင်အရှေ့ပိုင်းသို့ စစ်ကြောင်းထိုးလာသော (စခ)များနှင့် ပြည်သူ့ကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ လန ကြီး/ငယ် များဖြင့် နေရာအလိုက် တာဝန်ယူကာ ပစ်ခတ်မှု သုံးနာရီကျော် ကြာမြင့်ခဲ့ပါသည်။ ထိုတို၊က်ပွဲအား ပခုက္ကူ ၊မြိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ မိမိတို့ မဟာမိတ် တပ်ဖွဲ့များ၏ လနကြီး ပစ်ကူများကြောင့် တာဝန်ယူထားရာ Target သို့ တဖြည်းဖြည်းချဉ်း ကပ်ကာ(စခ)များ၏ အနီးနေရာအထိ တက်ရောက် ပစ်ခတ်နိုင်ခဲ့ပါသည်။ အပြန်အလှန် ပစ်ခ၊တ်မှုများ ဖြစ်ပြီး လ/နခဲယမ်း မလုံလောက်သောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။ ထိုစစ်ကြောင်းမှာ ထမ်းစင်၊ ပုခက်များ၊ ဂျိုင်းထောက်များဖြင့် ပြန်လည်ဆုတ်ခွာသွားရကြောင်း သတင်းထုတ် ပြန်အပ်ပါသည်" လို့ Yong Force က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ပွဲမှာ Southerm Yesagyo ၊ Pakokku Ranger ၊ Rso (Pku)၊ Thakhin Mya (လ/နကြီး တပ်ဖွဲ့)၊ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(P.P.D.F)နှင့် ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မြိုင်နယ်အရှေ့ခြမ်းက ရွာတွေထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #ဝက်သိုးအိုင်ရွာ #မီးရှို့