မန္တလေးမှာ လူသတ်ပြီး ကားလုယက်သူတွေ ဟိုတယ်က ထွက်ကာနီး CCTV မှတ်တမ်း၊ မန္တလေး ပြည်ကြီးတံခွန် မြို့သစ်မှာ တွေ့တဲ့ အလောင်းဟာ တက္ကစီကားဆရာဖြစ်၊ လူသတ်ပြီး ကားလုယက်သွား၊

မန္တလေးမှာ လူသတ်ပြီး ကားလုယက်သူတွေ ဟိုတယ်က ထွက်ကာနီး CCTV မှတ်တမ်း၊ မန္တလေး ပြည်ကြီးတံခွန် မြို့သစ်မှာ တွေ့တဲ့ အလောင်းဟာ တက္ကစီကားဆရာဖြစ်၊ လူသတ်ပြီး ကားလုယက်သွား၊

MFP ၊ အောက်တိုဘာ - ၃

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ် (EPC)ရုံး အနောက်ဘက် စက်မှုပန်းခြံလမ်းနှင့် (၁၂၈)လမ်းထောင့်၊ လမ်းဘေးမှာ မနေ့က ညဦးပိုင်း ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်း တွေ့ရှိခဲ့ပြီး သေဆုံးသူဟာ တက္ကစီ ကားဆရာ ကိုပြည့် ဆိုသူ ဖြစ်တယ်လို့ နီးစပ်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သေဆုံးသူ ကိုပြည့် ဟာ မနေ့က အောက်တိုဘာ(၂)ရက် မနက်ပိုင်းမှာ မန္တလေး မြို့တွင်း ဘုရားဖူးကားအငှား လိုက်သွားရာက အသတ်ခံရပြီး ကားလုယက်ခံရတာလို့ ဆိုပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ (၂၆)လမ်းနှင့် (၅၄)လမ်းအနီးက ဟိုတယ်တစ်ခုမှာ တည်းခိုနေသူတွေက မန္တလေးမြို့တွင်း ဘုရားဖူးဖို့ ကားငှားလို့ လိုက်ပါသွားရာကနေ အသတ်ခံရတာ ဖြစ်ကြောင်းနှင့်၊ လူသတ်ပြီး ကားလုယက်သူတွေက ညပိုင်းမှာ လုယက်ထားတဲ့ ကားနဲ့ ဟိုတယ်ပြန်လာပြီး အထုပ်အပိုးတွေ ယူဆောင်ကာ ပြန်ထွက်သွားကြတယ်လို့ ဆိုပါတယ်။

“ဒီနေ့မနက် (၇)နာရီလောက်က အိမ်က အကို ကား taxi လိုက်သွားပါတယ် မြို့တွင်း ဘုရားဖူးဆိုပြီး ငှါးသွားတာ အဆက်အသွယ်ရော မရတော့လို့ပါ။ ဖုန်းတွေရော စက်ပိတ်ထားပါတယ်။ ဧည့်သည်တွေ တည်းခဲ့တဲ့ ဟိုတယ် လိုက်စုံစမ်းတော့ CCTV မှတ်တမ်းမှာ ကားကို တခြားတစ်ယောက် ငှားတဲ့သူ ကိုယ်တိုင် မောင်းလာပြီး check out လုပ်သွားတာ တွေ့ပါတယ်။ အိမ်ကအကိုတော့ ကားမှာ မပါလာတော့ဘူး။ မန်းလေးမှာ ဖြစ်တာပါ” လို့ သေဆုံးသူ မိသားစုနှင့် နီးစပ်သူတစ်ဦးက သတင်းပေးပို့ပါတယ်။

မနေ့က ည(၈)နာရီမှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ် (EPC)ရုံး အနောက်ဘက် စက်မှုပန်းခြံလမ်းနှင့် (၁၂၈)လမ်းထောင့်၊ လမ်းဘေးမှာ ရင်အုံနှင့် ခြေသလုံး ထိုးသွင်းဒဏ်ရာတချို့နှင့် သေဆုံးနေတဲ့ အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦးရဲ့ အလောင်းကို တွေ့ရှိရလို့ အလောင်းကို ဆေးရုံကြီး ရင်ခွဲရုံ ပို့ခဲ့တယ်လို့ ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေး အသင်းက ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး လါန်ခဲ့တဲ့ ရက်ပိုင်းကလည်း မျန္တလေးမြို့ ချမ်းမြသာစည်မြိုကနယ်၊ (၇၈)လမ်းဘေးမှာ အဓမ္မပြုကျင့် အသတ်ခံထားရတဲ့ အသက်(၃၀)ဝန်းကျင်အရွယ် အမည်မသိ အမျိုးသမီးတစ်ဦးရဲ့ အလောင်း တွေ့ရှိခဲ့ပါသေးတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက လူသတ်၊ မုဒိန်း၊ ဓားပြစတဲ့ ရာဇဝတ်အကျဉ်းသားတွေ အားလုံးကို ထောင်က လွှတ်ပေးထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြည်ကြီးတံခွန် #စက်မှုမြို့သစ် #ရွှေမဉ္ဇူ