မင်းကင်းနယ် ကုန်းမော်နဲ့ ကျောက်မော်ရွာကို စစ်အုပ်စုက လုယက် မီးရှို့၊ စိတ်မနှံ့သူ တစ်ဦးကို သတ်ဖြတ်၊

မင်းကင်းနယ် ကုန်းမော်နဲ့ ကျောက်မော်ရွာကို စစ်အုပ်စုက လုယက် မီးရှို့၊ စိတ်မနှံ့သူ တစ်ဦးကို သတ်ဖြတ်၊

MFP ၊ နိုဝင်ဘာ - ၉

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ ကုန်းမော်ရွာနဲ့ ကျောက်မော်ရွာတွေထဲ မနေ့က နေ့လယ်ပိုင်း စစ်အုပ်စုက စီးနင်းဝင်မွှေ လုယက် ဓားပြတိုက်ပြီးနောက် နေအိမ်အလုံး (၅၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မင်းကင်းနယ် ကျော်ရွာ ပျူစခန်းက စကစနဲ့ ပျူ ပူးပေါင်း အင်းအား(၃၀)ကျော်လောက်ဟာ လက်နက်အားကိုးနဲ့ ကုန်းမော်နဲ့ ကျောက်မော်ရွာထဲ ဝင်မွှေလုယက် ဓားပြတိုက် မီးရှို့သောင်းကျန်းတာဖြစ်ပြီး ကုန်းမော်ရွာက အသက်(၅၀)ကျော်အရွယ် စိတ်ဝေဒနာရှင် ဦးဌေးလင်းဆိုသူကိုလည်း သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကုန်းမော်ရွာနှင့် ကျောက်မော်ရွာတွေထဲ တစ်အိမ်တက်ဆင်း ဖောက်ထွင်းခိုးယူ လုယက်ကာ တန်ဖိုးကြီးပစ္စည်းတွေကို လုယက်သွားသလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ရွာမီးရှို့၊ လုယက် ဓားပြတိုက်ပြီး ခိုးရာပါ ပစ္စည်းတွေနဲ့ ပြန်ထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျူတွေကို မင်းကင်းနယ်၊ တောင်တွင်းဒေသ PDF က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစတချို့ ထိခိုက်မှု ရှိပြီး ကျော်ရွာထဲ ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

မင်းကင်းနယ် တောင်တွင်းဒေသထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရျို့ သောင်းကျန်းနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မင်းကင်းမြို့နယ် တောင်တွင်းဒေသ TDPDF တပ်ဖွဲ့က ပြန်ကြာရေးတာဝန်ခံကို MFP က ဆက်သွယ်မေးမြန်းထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မင်းကင်း #ရွာ #မီးရှို့ #TDPDF