MFP ရဲ့ အောက်တိုဘာ(၁၃)ရက် မန္တလေး သတင်းများ

MFP ရဲ့ အောက်တိုဘာ(၁၃)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး (မြောက်)ရွာက နေအိမ်တစ်အိမ်မှာ ဒီမနက်ပိုင်း မိသားစုဝင် လေးဦး ဓားထိုးခံရပြီး တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရေချမ်းအိုး (မြောက်)ရွာ၊ ပါရမီလမ်းထဲက နေအိမ်တစ်အိမ်က မိသားစုဝင်တွေ ထိုးသွင်း၊ ပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံး၊ ဒဏ်ရာရနေတာ ဖြစ်ပြီး ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

၂။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ကံကြီးကုန်း၊ ဇီးအုပ်က ဓားပြတိုက်၊ လုယက်၊ ဆက်ကြေးကောက်ပြီး စစ်အုပ်စုအတွက် ငွေရှာပေးနေတဲ့ ပျူစောထီးအဖွဲ့ ခေါင်းဆောင် ဖိုးတုတ်ဆိုသူ ခိုးရာပါ ပစ္စည်း အဝေမတည့်လို့ အဖမ်းခံခဲ့ရပေမယ့် လက်ရှိမှာ ပြန်လွတ်လာပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်ပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့ပေါ် ရပ်ကွက်တွေက လောင်းကစားသမားတွေ၊ ပျူတွေ၊ ထောင်ထွက်တွေကို ရပ်ကွက် အုပ်ချူပ်ရေးမှူးတွေ အဖြစ်ခန့်ကာ လက်နက်ထုတ်ပေးထားပြီး ဓားပြတိုက်၊ လုယက်၊ ဆက်ကြေးကောက်ကာ ငွေရှာပေးဖို့ ခိုင်းစေထားပါတယ်။

၃။မန္တလေး ကျုံးဘေးမှာ ပြုလုပ်ခဲ့တဲ့ သတင်းကျွတ် မီးထွန်းပွဲ လာရောက်လည်ပတ်သူ မရှိဘဲ အောင်မြင်မှု မရခဲ့ပေမယ့် စစ်အုပ်စုက မေမြို့ ပန်းပွဲတော်နဲ့ ကျောက်ဆည် ဆင်ပွဲတွေကို ငွေကုန်ကြေးကျခံပြီး ဆက်လုပ်ဖို့ စီစဉ်နေပါတယ်။ စစ်အုပ်စုက ရိုးရာပွဲတွေကို အသုံးချပြီး နိုင်ငံတဝန်း တည်ငြိမ်အေးချမ်း၊ သာယာပျော်ရွှင်နေသယောင် ဝါဒဖြန့်ဖို့ အခုလို ငွေကုန်ကြေးကျခံပြီး ပွဲတွေ လိုက်လုပ်နေတာ ဖြစ်မယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။

၄။ မိတ္ထီလာမြို့က ကလေး (၇) ယောက် ဖခင်၊ အသက်(၅၆)နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင် သွားခဲ့ပါတယ်။ သေဆုံးသူဟာ နွားခြံအငှါးစောင့်သူအဖြစ် လုပ်ကိုင်ပြီး ဇနီးနဲ့ အသက် (၁၅) နှစ်အောက် ကလေး (၇) ဦး ကျန်ရစ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးေ နာက်ပိုင်း စားဝတ်နေရေး ကျပ်တည်းလာကြတဲ့ အခြေခံလူတန်းစားတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ သတင်းတွေကို မကြာခဏ ကြားနေရတယ်လို့ မိတ္ထီလာမြို့ခံအချို့က ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ