တိုက်ပွဲပြန် ပြည်သူ့ ရဲဘော်တွေကို ပြည်သူတွေက သပြေပန်းနဲ့ ကြိုဆို၊

တိုက်ပွဲပြန် ပြည်သူ့ ရဲဘော်တွေကို ပြည်သူတွေက သပြေပန်းနဲ့ ကြိုဆို၊

MFP ၊ အောက်တိုဘာ - ၅

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်အုပ်စုကို တိုက်ခိုက်ပြီး တိုက်ပွဲက ပြန်လာတဲ့ ဒေသကာကွယ်ရေး ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းနှင့် ကြိုဆိုတယ်လို့ စစ်ကျွန်မခံ မြွေဆိုးတသိုက် (ရွှေုတြိဂံ တပ်ခွဲ-၄)က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၄)ရက်က မုံရွာမြို့ကနေ ချင်းတွင်း မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော စစ်အုပ်စုရဲ့ ရေယာဉ် (၁၃)စီးကို ကနီနယ်၊ ချိုင်နှင့်ကနီကြား၊ ပွတ်လုံးဒေသမှာ စစ်ကျွန်မခံ မြွေဆိုးတသိုက် အပါအဝင် ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့တွေက စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ပြည်သူ့ရဲဘော် #စစ်ကျွန်မခံမြွေဆိုးတသိုက်