ပြည်သူ့ခုခံစစ် တစ်နှစ်ပြည့်မှာ မြင်းမူမြို့က စစ်အုပ်စုကို ညအချိန် တိုက်ခိုက်၊ နှစ်နေရာမှာ တိုက်ပွဲဖြစ်ပြီး စကစတွေ အသေအပျောက် ရှိနိုင်၊

ပြည်သူ့ခုခံစစ် တစ်နှစ်ပြည့်မှာ မြင်းမူမြို့က စစ်အုပ်စုကို ညအချိန် တိုက်ခိုက်၊ နှစ်နေရာမှာ တိုက်ပွဲဖြစ်ပြီး စကစတွေ အသေအပျောက် ရှိနိုင်၊

MFP ၊ စက်တင်ဘာ - ၇

ပြည်သူ့ ခုခံ တွန်းလှန်စစ် တစ်နှစ်ပြည့်အဖြစ် စစ်ကိုင်းတိုင်း မြင်းမူမြို့ အထက(၁)ကျောင်းထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို မနေ့ကညပိုင်းမှာ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၆)ရက် မနေ့က ည(၈)နာရီကျော်က မြင်းမူမြို့ အထက(၁)ကျောင်းထဲက စစ်အုပ်စုနှင့် မြင်းမူမြို့ရှောင်လမ်းမှာ ရှိနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မြင်းမူမြို့ အထက(၁)ကျောင်းအတွင်းမှ စစ်ခွေး(၂၀)ခန့်အား (၄၀မမ)နှင့် ခွေးအုပ်စုကြားသို့ ပစ်ခတ်ခြင်း၊ အထူးပြုလုပ်ထားသော မိုင်း (မိုင်းဘီလူး)ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး မြို့ရှောင်လမ်းတွင်လည်း အာရုံလွှဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်၊၊ ခွေးအုပ်စုကြားထဲသို့ အပီအပြင် တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ခွေး အသေအပျောက် များနိုင်ပါသည်၊၊ စစ်ခွေးအချို့နှင့် တော်လှန်ရေး ရဲဘော်များ အပြန်အလှန် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များမှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်၊” လို့ PAFD ရဲ့ တပ်ခွဲ - DK PDF – MMU က ဖော်ပြပါတယ်။

ပြည်သူ့ခုခံ တော်လှန်စစ် စတင်ကြေညာတဲ့ တစ်နှစ်ပြည့် ဂုဏ်ပြုတဲ့အနေနဲ့ PAFD - တပ်ခွဲ DK PDF (MMU)၊ People Knight Defence Foce Myinmu (PKDF MMU)၊ TAUNGTHA (TTA PDF)၊ D.B.B.F MMU နှင့် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“D -day ကြေညာခဲ့သည့်နေ့ (၁)နှစ်ပြည့်အား ဂုဏ်ပြုသောအားဖြင့် မဟာမိတ် အဖွဲ့အစည်းများသည် အခက်အခဲ မျိုးစုံကြားမှ တော်လှန်ရေးကို အဆုံးသတ်နိုင်ပွဲ ဆင်နိုင်သည်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်” လို့ PAFD ရဲ့ တပ်ခွဲ - DK PDF – MMU က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မြင်းမူမြို့ပေါ်နှင့် မြို့ရှောင်လမ်းမှာ အထိုင်ချပြီး ခရီးသွားတွေ အပါအဝင် ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ ငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းတာ၊ စိတ်ထင်တိုင်း ပစ်ခတ် သ-တ်-ဖြတ် တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းမူ #PAFD #DKPDFMMU