ပခုက္ကူမှာ UG နဲ့ PDF တွေက မြို့ပေါ်အထိ တက်ဗျင်းလို့ ဖက်ဆစ်တပ်သား ခြောက်ယောက် သေ၊

ပခုက္ကူမှာ UG နဲ့ PDF တွေက မြို့ပေါ်အထိ တက်ဗျင်းလို့ ဖက်ဆစ်တပ်သား ခြောက်ယောက် သေ၊

MFP၊ သြဂုတ် - ၁၈

မကွေးတိုင်း၊ ပခုက္ကူမြို စက်မှုဇုန်၊ (၆)လမ်းထဲမှာ အထိုင်ချ တပ်စွဲနေပြီး ပြည်သူတွေကို လက်နက်ပြ ဆက်ကြေးတောင်းနေတဲ့ ဖက်ဆစ်တပ်ကို ဒီကနေ့ ညနေပိုင်း ဒေသ ကာကွယ်ရေး တပ်ဖွဲဝင်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စကစ ခြောက်ယောက် သေတယ်လို့ Young Force UG တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ်(၁၈)ရက် ညနေ(၃)နာရီခွဲကျော်က ပခုက္ကူ စက်မှုဇုန်၊ (၆)လမ်း၊ ရှင်းလင်းရေးဆောင်မှာ တပ်စွဲထားတဲ့ ဖက်ဆစ်တပ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပခုက္ကူမြို့ စက်မှုဇုန် ရှင်းလင်းဆောင်တွင် တပ်ဆွဲ၍ ပြည်သူများထံမှ ငွေကြေးကောက်ခံနေသော (စခ)များအား မဟာမိတ်တပ်ဖွဲ့များနှင့် အတူ ဝင်ရောက်ပစ်ခတ်ရာ (စခ) ခြောက်ကောင် တခါထဲ (မတ်စေ့ငုံ) သွားပြီး ကျန်တဲ့ကောင်တွေလည်း စာအုပ်ရောင်းရဖို့ များပါတယ်။ တိုက်ပွဲချိန် ငါးမိနစ် ခန့်မှန်းထားသော်လည်း အပြန်အလှန်ပစ်ခတ်မှု မိနစ် (၃၀)နီးပါး ကြာမြင့်ခဲ့ပါတယ်။ (စခ)များမှ တပ်ကူများ စေလွှတ်သောကြောင့် လ/န ကောက်ခွင့် မရဘဲ ရဲဘော်များရဲ့လုံခြုံရေးအရ ဆုတ်ခွာခဲ့ရပါတယ်။ ရဲဘော်များ လုံခြုံသော မိခင်တပ်ရင်းများဆီသို့ ပြန်လည် ရောက်ရှိပြီးဖြစ်ပါသည်” လို့ Young Force UG တပ်ဖွဲ့က ဖော်ပြပါတယ်။

ပခုက္ကူမြို့ပေဓမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အများပြည်သူ ထိတ်လန့်သွားပါကလည်း တောင်းပန်ကြောင်း ဒေသကာကွယ်ရေး တပ်တွေက ဖော်ပြပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ဖက်ဆစ်တပ်က ပခုက္ကူမြိုပေါ် ခြေရှုပ်နေပြီး ဗိုလ်ချုပ်လမ်းနဲ့ အာဇာနည်လမ်းဆုံမှာ ဒီညနေပိုင်း ပြည်သူတွေကို ဖမ်းဆီးငွေညှစ် သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့ပေါ်အထိ တက်ဗျင်းခဲ့တဲ့ တိုက်ပွဲကို မဟူရာအလင်းတန်း (မြိုင်)၊ တမာမြေပြောက်ကျား (မြိုင်)၊ သံမဏိ သိမ်းငှက်(မြိုင်)၊ Souththerm YSO PDF (ရေစကြို)၊ Rso (pku) တပ်ခွဲ (၁)၊ Pku Ranger ၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း- ၁၊ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နှင့် ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့Young Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ပခုက္ကူ #UG #ပကဖ #PDF #တိုက်ပွဲ