မကွေးတိုင်း အခြေစိုက် PDF တပ်မဟာ(၇)၊ တပ်ရင်း(၇၀၃)က ရဲဘော်တွေ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ဖို့ အပြင်းအထန် လေ့ကျင့်နေ၊

မကွေးတိုင်း အခြေစိုက် PDF တပ်မဟာ(၇)၊ တပ်ရင်း(၇၀၃)က ရဲဘော်တွေ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ဖို့ အပြင်းအထန် လေ့ကျင့်နေ၊

MFP ၊ အောက်တိုဘာ - ၁၄

မကွေးတိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်မဟာ(၇)၊ တပ်ရင်း (၇၀၃)က ရဲဘော်တွေ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နိုင်ဖို့ အြပ်ငးအထန် လေ့ကျင့်နေတဲ့ ပုံတွေကို မိခင်းတပ်ရင်းဖြစ်တဲ့ အနောက်ပိုင်းတိုင်း တပ်မဟာ(၇)၊ တပ်ရင်း(၇၀၃)က ဒီနေ့ ထုတ်ပြန်ပါတယ်။

"တပ်ရင်း(၇၀၃) ရဲဘော်များ၏ အပြင်းအထန် လေ့ကျင့်နေမှု အချို့ကို အများပြည်သူ ကြည့်ရှုနိုင်ရန်ထုတ်ပြန်အပ်သည်။ တပ်ရင်း(၇၀) ရဲဘော်များကို အထူးတိုက်ခိုက်ရေး တပ်သားများအဖြစ် လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်သည်။ ထိုသင်တန်းကို ပြည်သူလူထုထောက်ပံ့ငွေဖြင့် လေ့ကျင့်သင်ကြားပေးနေရခြင်း ဖြစ်သည်။ ထိုအတွက် အထူးတိုက်ခိုက်ရေး တပ်သားများ၏ ရိက္ခာနှင့် စစ်အသုံးအဆောင် ပစ္စည်းများ အတွက် ပါဝင်ကူညီ ပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်" လို့ အနောကျပိုငျးတိုငျး တပျမဟာ(၇)၊ တပျရငျး(၇၀၃)၊ သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ရဲဘော်တွေကို ကူညီထောက်ပံ့လိုသူတွေ အနေနဲ့ "အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း-၇၀၃" ဖေ့စ်ဘွတ်ခ်ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #PDF #တပ်မဟာ၇ #တပ်ရင်း၇၀၃ #703