အင်းတော်နယ် နဘားလမ်းဆုံက စစ်အုပ်စုရဲ့ တန်ပိုဂိတ်ကို စီးနင်း မီးရှို့ဖျက်ဆီး၊

အင်းတော်နယ် နဘားလမ်းဆုံက စစ်အုပ်စုရဲ့ တန်ပိုဂိတ်ကို စီးနင်း မီးရှို့ဖျက်ဆီး၊

MFP ၊ သြဂုတ် - ၁၆

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင် အင်းတော်မြို့နယ်၊ နဘားလမ်းဆုံရှိ စစ်အုပ်စုရဲ့ နဘားတန်ပိုဂိတ်ကို ဒီမနက် စီးနင်းဝင်ရောက်ကာ ဂိတ်တဲတွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - အင်းတော် IR က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၁၆)ရက် မနက်(၁၀)နာရီက KIA နှင့် PDF ပူးပေါင်း တပ်ဖွဲတွေက အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးက နဘား တန်ပိုဂိတ်ကို စီးနင်းဝင်ရောက်ပြီး ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

“စစ်ကောင်စီထံသို့ ဝင်ငွေစီးဆင်းနေသည့် စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်သည့် နဘား တန်ပိုဂိတ်အား ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ ဝင်ရောက်ဖျက်ဆီးနေစဉ် အတွင်းမှာပဲ အင်းတော်မြို့ ရိက္ခာကုန်း ဘက်ရှိ စစ်ကောင်စီတပ်ဘက်မှ နဘားရွာဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နဘားရွာအနီးတွင် ကျရောက်ပေါ-က်ကွဲ ခဲ့တယ်လို့လည်း သိရပါတယ်။ လူတွေ အထိခိုက်မရှိခဲ့ပါ” လို့ အင်းတော် IR က ဖော်ပြပါတယ်။

နဘားတန်ပိုဂိတ်ကို စီးနင်းချိန် စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းလေးဦးကို ဖမ်းဆီးခဲ့ပေမယ့် “စစ်မေးစရာရှိတာ စစ်မေးပြီး ပြန်လည်လွတ်ပေးမည်” လို့ အင်းတော် IR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကသာခရိုင်ထဲက စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေ ပြည်သူန့ ပူးပေါင်းဖို့နှင့် စစ်အုပ်စု လက်အောက် ဆက်လက် လုပ်ကိုင်မည်ဆိုပါက ကသာနယ်ထဲက ထွက်ခွာသွားကြဖို့ ဒေသကာကွယ်ရေးနှင့် အုပ်ချုပ်ရေး အဖွဲ့တွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အင်းတော် #နဘား #ဂိတ် #KIA #PDF #ကသာ