မြိုင်နယ်မှာ စစ်အုပ်စုကို ပဒေသာမိုင်း အလုံး(၂၀)နဲ့ ဖောက်ခွဲ၊ ငါးယောက် သေပြီး (၁၁)ယောက် ဒဏ်ရာရဟုဆို၊

မြိုင်နယ်မှာ စစ်အုပ်စုကို ပဒေသာမိုင်း အလုံး(၂၀)နဲ့ ဖောက်ခွဲ၊ ငါးယောက် သေပြီး (၁၁)ယောက် ဒဏ်ရာရဟုဆို၊

MFP၊ စက်တင်ဘာ - ၂၁

မကွေးတိုင်း မြိုင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ အကြမ်းဖက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း ပဒေသာမိုင်း အလုံး(၂၀)နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ ငါးယောက် သေပြီး (၁၁)ယောက် အြပ်ငးအထန် ဒဏ်ရာရသွားတယ်လို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ စက်တင်ဘာ(၂၁)ရက် မနက်(၉)နာရီခွဲက မြိုင်နယ် မြေရင့်ရွာအနီးက စစ်တပ်ပိုင် ဓာတ်အားလိုင်းကို လာရောက်ပြင်ဆင်တဲ့ အင်အား(၇၀)ခန့်ပါ စစ်အုပ်စုကို မြိုင် ပ.က.ဖ တပ်ရင်း (၁)၊ တပ်ခွဲ (၁)နှင့် ဂဠုန် ပြည်သူ့ကာကွယ်ရေး တပ်တို့ ပူးပေါင်းပြီး အသင့် ပြင်ဆင်ထားတဲ့ ပဒေသာမိုင်း အလုံး(၂၀)နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီး အထိနာသွားတဲ့ စစ်အုပ်စုဟာ မြေရင့်ရွာ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံ ပြည်သူတွေကို ရန်ပြုသောင်းကျန်းနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်တာတွေ လုပ်ဆောင်နေပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဆက်လက် သောင်းကျန်းနေလို့ မြိုင်မြိုနယ်နှင့် ပခုက္ကူမြိုနယ်က အများပြည်သူ အနေနဲ့ စစ်အုပ်စု ရှိနေတဲ့ စက်မှု(၂) ဓာတ်အားလိုင်းဘက် သွားလာတာတွေ ဆင်ခြင်း သတိပြုကြဖို့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေး ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #ပကဖ #ပဒေသာမိုင်း