ယင်းမာပင် ဘန့်ဘွေးရွာအနီး စစ်အုပ်စုကို မိုင်းဆွဲရာ စကစ (၁၅)ယောက် သေ၊ စကစတွေ ကား ချန်ထားခဲ့ပြီး ထွက်ပြေးလို့ ကားကို သိမ်းယူ၊

ယင်းမာပင် ဘန့်ဘွေးရွာအနီး စစ်အုပ်စုကို မိုင်းဆွဲရာ စကစ (၁၅)ယောက် သေ၊ စကစတွေ ကား ချန်ထားခဲ့ပြီး ထွက်ပြေးလို့ ကားကို သိမ်းယူ၊

MFP ၊ အောက်တိုဘာ - ၁၅

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမှာ ကားနဲ့ စခန်းအပြင်ဘက် ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစနဲ့ပျူ (၁၅)ယောက် သေပြီး ကားထားရစ်ကာ ထွက်ပြေးသွားလို့ ကားကို သိမ်းယူခဲ့တယ်လို့ ချင်းတွင်း တိုက်ဂါး LPDF က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၃)ရက်က ယင်းမာပင်နယ် ဘန့်ဘွေး(ရွာမ)ပျူရွာနဲ့ မြောက်ဘက် လေညှင်းတောင်နှင့် အနီးဝန်းကျင်က ကျေးရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက်ဖို့ ကားနဲ့ လာရောက်တဲ့ စစ်အုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား များနှင့် ပျူများအား အောက်တိုဘာ(၁၃)ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ခွေးနှင့်ပျု (၁၅)ကောင် ငရဲသို့ ပို့နိုင်ခဲ့ပြီး ခွေးနှင့်ပျုများ ကြောက်လန့်ပြီး ကျန်ခဲ့သော ကားကို ယမန်နေ့ည (14.10.22)က ကျနော့်တို့ ချင်းတွင်း တိုက်ဂါး -LPDF မှ ကားကို သိမ်းဆည်း နိုင်ခဲ့သည်။ ကျနော်တို့ အဖွဲ့သားများ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်" ချင်းတွင်း တိုက်ဂါး - LPDF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ချင်းတွင်း တိုက်ဂါးအဖွဲ့၊ ယင်းမာပင်မြို့နယ် အခြေစိုက် ဗိုလ်ထွန်းတောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - BTT နှင့် ဒေသကာကွယ်ရေး မဟာမိတ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စစ်ခွေးမျာ စားစရာ ရိက္ခာ ထွက်ရှာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းတွင်း တိုက်ဂါးတပ်ဖွဲ့များက ပဒေသာမိုင်းများနှင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ ကားပေါ် နှင့် ခြေလျင်လာသော စစ်ခွေးများနှင့် ငပျူ များ (၁၅)ကောင် မြေသြဇာ ဖြစ်သွားခဲ့ရသည်။ စစ်ခွေးများ ကားကို ပြန်မယူနိင်ဘဲ ထွက်ပြေး သွားသည်။ ကားမှာလည်း စစ်ခွေးကားမဟုတ်ခဲ့ပေ။ ပြည်သူများ၏ ကားဖြစ်၍ စစ်ခွေးများက ပြည်သူတွေဆီက မတရား လုယူထားသော ကားဖြစ်သည်။ ပြည်သူတွေဆီက မတရား လုယူထားသော ကားကို ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် PDF ရဲဘောများက အောက်တိုဘာ(၁၄)ရက် ညပိုင်းအချိန်တွင် ကားကို စစ်ခွေးများထံမှ ပြန်လည် သိမ်းဆည်း ယူဆောင်ခဲ့သည်" လို့ ယင်းမာပင် BTT တပ်ဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ဘန့်ဘွေး(ရွာမ)ထဲ စီးနင်းအထိုင်ချနေတာ ရှစ်လကျော် ကြာမြင့်ပြီ ဖြစ်ပြီး ဒေသခံတချို့ကို ပျူအဖြစ် လက်စပ်မွေးကာ ဘန့်ဘွေးရွာကို ပျူအခြေစိုက် စခန်းအဖြစ် ဖွင့်လှစ်ပြီး ဒေသတွင်း လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်၊ ဆက်ကြေးကောက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ဘန့်ဘွေးရွာ #ပျူ #ကား #ချင်းတွင်းတိုက်ဂါး