စက်တင်ဘာ(၈)ရက် မန္တ​လေးသတင်းများ

စက်တင်ဘာ(၈)ရက် မန္တ​လေးသတင်းများ

မင်္ဂလာပါခင်ဗျာ။

စက်တင်ဘာ(၈)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ အမရပူရမြို့နယ် စားတော်ကျေးရွာက ယက္ကန်းရုံတစ်ရုံ ဗုံးထုခံရပြီး တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ အဲဒီ ယက္ကန်းရုံဟာ စစ်အုပ်စု သတင်းပေး ဖြစ်သလို ရှရှားပြန် စစ်ဗိုလ်ရဲ့ မိသားစုဖြစ်လို့ ဗုံးထုတိုက်ခိုက်ခဲ့တာလို့ မြစ်ငယ် MN PDF အမျိုးသမီးတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

၂။CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်နေတဲ့ မြင်းခြံမြို့နယ် ကျောက်တန်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်း ထုတ်ပြန်ပါတယ်။

၃။ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ Black Wolf PDF (MDY) က နှုတ်ခမ်းနီ(၁၀၀၀) ကမ်ပိန်းအဖြစ် အလှူခံရာမှာ သတ်မှတ်ရက်အတွင်း မပြည့်မီတဲ့အတွက် ရက်ထပ်တိုးထားပြီး အများပြည်သူ အနေနဲ့ ဝိုင်းဝန်း ထောက်ပံ့ လှူဒါန်းဖို့ အလှူခံနေပါတယ်။

၄။ နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာကို စစ်အုပ်စုက ဆက်လက် ပိတ်ဆို့ထားပြီး ညနေ(၆)နာရီကနေ မနက်(၆)နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ကာ ဒေသခံတွေကို ဖမ်းဆီးညှဉ်းပန်း သောင်းကျန်းနေတယ်လို့ သတင်းရရှီပါတယ်။ စစ်အုပ်စုဟာ စက်တင်ဘာ(၇)ရက် မနက်ပိုင်းက စတင်ပြီး နွားထိုးကြီး - မြင်းခြံလမ်းနှင့် ပြင်စည်ကျေးရွာကို စီးနင်းပိတ်ဆို့ကာ ပြင်စည်ရွာထဲ တစ်အိမ်တက်ဆင်း ဝင်မွှေလုယက် သောင်းကျန်းနေရာက ဒီမနက်ပိုင်း နွားထိုးကြီး - မြင်းခြံလမ်း ပြန်ဖွင့်ပေမယ့် ပြင်စည်ရွာကို ဆက်လက် ပိတ်ဆို့ သောင်းကျန်းနေတာလို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ