ချင်းတွင်းမြစ်ထဲ ဆန်တက်နေတဲ့ စစ်ကောင်စီသင်္ဘောကို တိုက်ခိုက်၊

ချင်းတွင်းမြစ်ထဲ ဆန်တက်နေတဲ့ စစ်ကောင်စီသင်္ဘောကို တိုက်ခိုက်၊

MFP ၊ သြဂုတ် - ၁

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ သင်္ဘောတစ်စီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ရှိခဲ့တယ်လို့ မုံရွာခရိုင် PDF တပ်ရင်း(၇) - Lightning People Defence Force အဖွဲဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဇူလိုင်(၃၀)ရက် နေ့လည်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်ကို ကနီနှင့် မင်းကင်းနယ် အစပ်မှာ ကျည်ဆန်အတောင့်(၈၀)၊ အိန္ဒိယကျည်(၃၅)တောင့်၊ ပြောင်းတိုက် ကိုးလုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“နှစ်ဖက် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ စစ်ကောင်စီဘက်မှ အထိအခိုက် စာရင်းအား မသိရှိရပါကြောင်း” လို့ မုံရွာခရိုင် PDF တပ်ရင်း(၇) - Lightning People Defence Force အဖွဲ့က ဖော်ပြပါတယ်။

စစ်သင်္ဘော အပါအဝင် လက်နက်နဲ့ ရိက္ခာတွေ တင်ဆောင်ထားတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေဟာ ဇူလိုင်(၁၈)ရက်မှာ မုံရွာမြို့ အလုံမင်းထောင့် ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီး ချင်းတွင်းမြစ်အတိုင်း ဆန်တက်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ရေယာဉ်တွေကို ဒေသကာကွယ်ရေး တပ်တွေက လမ်းတလျှောက် ကြားဖြတ် တိုက်ခိုက်နေသလို အကြမ်းဖက် စစ်အုပ်စုကလည်း မြစ်ကမ်းဘေး ရွာတွေထဲ ဝင်မွှေလုယက် ဓားပြတိုက် သောင်းကျန်းနေပြီး မင်းကင်းနယ် အနောက်တောရွာက အိမ်(၁၁)လုံး၊ အုန္နဲဘုတ်ရွာက အိမ်(၁၄)လုံးနှင့် ညောင်ပင်သာရွာက အိမ်(၁၅)လုံးကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ချင်းတွင်း #ကနီ #မင်းကင်း #ရေယာဉ်