ဒီပဲယင်း မူးကမ်းကြီးရွာက အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ စစ်ဘေးသင့် ပြည်သူတွေကို PDF တွေက လှူဒါန်း၊

ဒီပဲယင်း မူးကမ်းကြီးရွာက အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ စစ်ဘေးသင့် ပြည်သူတွေကို PDF တွေက လှူဒါန်း၊

MFP ၊ သြဂုတ် - ၂၆

ဖက်ဆစ်တပ်က မီးရှို့ဖျက်ဆီးလို့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရတဲ့ ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာက စစ်ဘေးသင့် ပြည်သူတွေကို ဒေသကာကွယ်ရေး တပ်ဖွဲ့ LDF တွေက အစားအသောက်တွေ အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့တယ်လို့ ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF)အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၂၅)နှင့် (၂၆)ရက်က ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာက စစ်ဘေးသင့်၊ မီးဘေးသင့် ပြည်သူတွေကို C&T Shwebo LPDF၊ Flying Dragon Force (F.D.F)၊ စွန်ရဲ ရွှေဘို LPDF၊ MDF Shwebo၊ Alpha 7 LPDF၊ Shwebo Federal Army၊ ဗိုလ်ကျာရိုင်း-ရွှေဘို(LPDF) နှင့် ရွှေဘိုမြို့နယ် တိုက်နယ်(၂) တပ်ပေါင်းစု(၂) မဟာမိတ် အဖွဲ့အစည်းတွေက ပထမဆုံးအကြိမ်အဖြစ် အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။

မူးကမ်းကြီးကျေးရွာဟာ ပြီးခဲ့တဲ့ ဇွန်လနှင့် သြဂုတ်လအတွင်း ဖက်ဆစ်တပ်ရဲ့ နှစ်ကြိမ်အထိ ဝင်မွှေလုယက် မီးရှို့ ဖျက်ဆီးခံရတာကြောင့် အိမ်ထောင်စု (၇၀၀)နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ကျေးရွာ ဖြစ်ပါတယ်။

ဖက်ဆစ်တပ်က ပထမအကြိမ်မှာ မူးကမ်းကြီးရွာက နေအိမ်အလုံး(၁၇၀)ကျော်ကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးလို့ အိမ်ထောင်စု (၁၆၀)ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ယခု သြဂုတ်လအတွင်း ဖက်ဆစ်တပ်က မူးကမ်းကြီးရွာထဲ ဒုတိယအကြိမ်အဖြစ် သုံးရက်ကြာ ဝင်မွှေလုယက် မီးရှို့ရာမှာလည်း အိမ်ခြေ (၆၀၀)နီးပါး ပြာကျခဲ့ပြီး အိမ်ထောင်စု (၅၀၀)ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ပထမအကြိမ် မီးရှို့ခံရပြီးလို့ တဲထိုးနေထိုင်တဲ့ အိမ်ထောင်စု (၅၀)ကျော်ရဲ့ တဲအိမ်တွေကိုပါ ဖက်ဆစ်တပ်က ထပ်မံပြီး လုယက်မီးရှို့ ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ယခုလဆန်းအတွင်း ဒီပဲယင်းတနယ်လုံးကို ဖက်ဆစ်တပ်က ထင်တိုင်းကျဲ ဝင်မွှေလုယက် မီးရှို့ဖျက်ဆီး သောင်းကျန်းခဲ့တာကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်ထိ အိမ်မပြန်ရဲသေးသူတွေ အများအပြား ရှိကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #မူးကမ်းကြီး #ပြည်သူ #PDF #LDF #စစ်ပြေး