မြောင်နယ်မှာ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုက ပြည်သူ ငါးဦးကို သ-တ်-ဖြတ်၊ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် တစ်ဦး ကျဆုံး၊

မြောင်နယ်မှာ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုက ပြည်သူ ငါးဦးကို သ-တ်-ဖြတ်၊ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် တစ်ဦး ကျဆုံး၊

MFP ၊ စက်တင်ဘာ - ၅

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ဩဂုတ်(၃၁)ရက်က စတင်ပြီး ဒီကနေ့အထိ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းကာ ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဖမ်းဆီး သ-တ်-ဖြတ် တာတွေကြောင့် ဒေသခံ အရပ်သား ငါဦး သေဆုံးတယ်လို့ မြောင်နယ် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်အုပ်စုက ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မြောင်မြို့နယ် သနပ်ကုန်းရွာက ဒေသခံ နှစ်ဦးနှင့် ဇီးကျွန်းရွာက နှစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်အုပ်စုက သရက်သာရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းရာမှာလည်း လူငယ်နှစ်ဦးကို ဖမ်းဆီးလက်ထိပ်ခတ်ပြီး ရှေ့ကနေ ပြေးခိုင်းကာ သေနက်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသတွင်း ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ကင်းထောက်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မြောင်နယ် ကျောက်ရစ်ရွာထဲ စီးနင်းအထိုင်ချနေပြီး အနီးနားက ကျေးရွာတွေကို ထင်တိုင်းကျဲ ဝင်မွှေလုယက် သ-တ်-ဖြတ် သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

မြောင်နယ်ထဲ စစ်အုပ်စု သောင်းကျန်း သ-တ်-ဖြတ်နေတဲ့ အခြေအနေတွေနှင့် ပတ်သက်ပြီး Myaung Phoenix People's Defence Force တပ်ဖွဲ့ခေါင်းဆောင်ကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #ပြည်သူ #မြောင်ဖီးနစ် #PDF