MFD Daily News- ဩဂုတ်(၁၁)ရက် မန္တလေးသတင်းများ

MFD Daily News- ဩဂုတ်(၁၁)ရက် မန္တလေးသတင်းများ

မင်္ဂလာပါခင်ဗျာ

ဩဂုတ် (၁၁)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေး အိုးဘိုထောင်မှာ သြဂုတ်(၉)ရက်က နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတစ်ယောက်ရဲ့ ပါဆယ်ထုပ်ကို နာမည်တူ ၊ အဖေ နာမည်ကွဲသူ တခြားထောင်သား တစ်ယောက်က ဇွန်းနဲ့လုပ်ထားတဲ့ ဓားနဲ့ခြိမ်းခြောက်ပြီး လုယူရာကစလို့ ဆူပူမှုဖြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ အဲ့ဒီ ဖြစ်စဉ်မှာ နိုင်ငံရေး အကျဉ်းသား (၃၀)ခန့် အရိုက်ခံရပြီး ခုနစ်ဦး တိုက်ပိတ်ခံရကာ နောက်ထပ်ခုနစ်ဦး ဆေးရုံတင်ခဲ့ရတယ်လို့ MFP က သတင်းရရှိပါတယ်။ ထောင်ဝင်စာပစ္စည်း အနိုင်ကျင့်လုယူခံခဲ့ရတာကို အကျဉ်းထောင် တာဝန်ရှိသူတွေက အရေးမယူ ပေးတဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက် ရိုက်နှက်ခဲ့တာလို့ နီးစပ်သူတွေက ဆိုပါတယ်။

၂။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၃၅) လမ်းနဲ့ (၈၅)လမ်း အနီးက ဒဟတ္တော ဘုရား ပရဝုဏ်ကို ပိတ်ကာ ကင်းဂိတ်ဖွင့်ပြီး ပြည်သူတွေကို ငွေညှစ်နေတဲ့ စစ်အုပ်စုကို မနေ့ မနက်က ဗုံးထုတိုက်ခိုက်ခဲ့ရာမှာ စကစ နှစ်ယောက် သေပြီး တစ်ယောက် ဒဏ်ရာရသွားတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က ထုတ်ပြန်ပါတယ်။

၃။ ပုသိမ်ကြီးမြို့နယ် ဒဟတ္တောရွာက မူကြိုဆရာမတစ်ယောက်နဲ့ ငွေချေးလုပ်ငန်းလုပ်ကိုင်တဲ့ လင်မယားနှစ်ယောက် စုစုပေါင်း သုံးယောက်ကို စစ်အုပ်စုက ဒီမနက်မှာ အိမ်စီးကား ငါးစီးနဲ့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖမ်းဆီးခံရတဲ့အကြောင်းရင်းကို ညနေပိုင်းအထိ သေချာမသိရသေးပါဘူး။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPရဲ့မန္တလေးသတင်းများ