MFP ရဲ့ သြဂုတ်(၂)ရက် မန္တလေး သတင်းများ

MFP ရဲ့ သြဂုတ်(၂)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ သြဂုတ်()ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့က မြို့ပြပြောက်ကျား အဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Retrun Ranger Force - MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေကို စစ်အုပ်စုက မနေ့က မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် MRRF ပေ့ချ်အတု ဖွင့်လှစ်ကာ အလှူခံနေတာကို တွေ့ရပါတယ်။ စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်သူတွေကို နည်းမျိုးစုံသုံးကာ ဖိနှိပ် သတ်-ဖြတ် နေပြီး အခုလို ဖေ့စ်ဘွတ်ခ်အကောင့်အတုတွေ၊ ပေ့ချ်အတုတွေ ဖွင့်ပြီးတော့လည်း ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

၂။ မန္တလေးမြို့မှာ မနေ့က ဩဂုတ်()ရက်  တစ်ညတည်းမှာပဲ စစ်ကောင်စီ ရပ်ကွက်ရုံးနှစ်ရုံးနဲ့ စကစ သတင်းပေးတွေ စုရပ်လုပ်တဲ့ နေအိမ်တွေ တိုက်ခိုက်ခံရပြီး စကစ အုပ်ကြီး အပါအဝင် လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ မနေ့ည ()နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ဦးပွါးခုံးကျော်တံတားအနီးက ချမ်းမြသာစည် တောင်ရပ်ကွက်(ချမ်းတောင်) အုပ်ချုပ်ရေးမှူးရုံး၊ ()နာရီခန့်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ ()ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ ()နာရီကျော်မှာ ပြည်ကြီးတံခွန်မြို့နယ် (၄၉)လမ်း နဲ့ (၁၃၁) လမ်း(ရတနာလမ်)မှာရှိတဲ့ စစ်အုပ်စုဩဇာခံ ပျူစောထီးနဲ့ သတင်းပေးတွေ စုရပ်လုပ်တဲ့ နေအိမ်တွေ ဗုံးထုတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။  အဲဒီတိုက်ခိုက်မှုတွေကို No More Dictatorship မန္တလေးမြို့ပြပြောက်ကျားတပ်၊ JMPDF(Justice Mandalay People Defense Force) နဲ့ မန္တလေးတော်လှန်ရေး မြို့ပြတပ်ပေါင်းစု (ARFOM)တို့က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

၃။ မန္တလေးတိုင်း၊ ကျောက်ဆည်နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင်(၃၄၂)အနီးမှာ ဩဂုတ်()ရက် မနက်ပိုင်းက ကိုယ်ပွားတစ်ထောင် စစ်ဆင်ရေးအဖြစ် အကြမ်းဖက် စစ်အုပ်စုရဲ့ ကားကို မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ(K.D.D.F)က သတင်း ထုတ်ပြန်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ