မန္တလေးမှာ စစ်အုပ်စုက ဆက်ကြေးကောက်ပြီး လောင်းကစားဝိုင်းတွေ ပေါ်တင်ဖွင့်ခွင့်ပေးထား၊

မန္တလေးမှာ စစ်အုပ်စုက ဆက်ကြေးကောက်ပြီး လောင်းကစားဝိုင်းတွေ ပေါ်တင်ဖွင့်ခွင့်ပေးထား၊

MFP ၊ အောက်တိုဘာ - ၁၄

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်အုပ်စုက ဆက်ကြေးကောက်ပြီး လောင်းကစားဝိုင်းတွေ ပေါ်တင် ဖွင့်လှစ်လုပ်ကိုင်ခွင့် ပြုထားတယ်လို့ သတင်း ရရှိပါတယ်။

လောင်းကစားဝိုင်း ဖွင့်လိုသူတွေအနေနဲ့ ရဲကြေးနှင့် အုပ်ချုပ်ရေးမှူးအတွက် လစဉ် ဆက်ကြေးပေးရတယ်လို့ ဆိုပါတယ်။

"မန္တလေး ပုသိမ်ကြီးမြိုနယ်၊ ကုလားမတောင်ရွာမှာ ပုံဝိုင်း (မင်းသားမင်းသမီးပုံတွေနဲ့ လောင်းကစားပြုလုပ်) တွေ တော်တော်ဆိုးနေတယ်လို့ သိရပါတယ်။ ကြာနီကန်ရဲစခန်းကို ရဲကြေး နဲ့ အုပ်ကြီးကို ကြေးပေးပြီး ပုံဝိုင်း ခြောက်ဝိုင်း ဖွင့်ထားပါတယ်။ ရဲကြေး (၃၀၀၀၀)၊ အုပ်ကြီးကို (၁၅၀၀၀)လို့ သိရပါတယ်။ ရွာတောင်ပိုင်းမှာ တစ်ဝိုင်း၊ ရွာအလယ်မှာ သုံးဝိုင်း၊ ရွာမြောက်ချောင်မှာ တစ်ဝိုင်း၊ ရွာရဲ့ မြောက်ဘက် ရွာဘိုးဘဲခြံဘောင်ပေါ်မှာ တစ်ဝိုင်း။ ပုံဝ်ုင်းတွေကြောင့် ရွာသူရွာသားတွေ ဒုက္ခရောက်နေတယ်လိုသိရပါတယ်" လို့ မန္တလေး မြေပြင်ကင်းထောက် Spring Mandalay က ဖော်ပြပါတယ်။

မန္တလေးမြို့ပေါ်မှာလည်း စစ်အုပ်စုက ဆက်ကြေးကောက်ပြီး လောင်းကစားဝိုင်းတွေ ပေါ်တင်ဖွင့်ခွင့်ပေးထားတဲ့အတွက် တော်လှန်ရေး တပ်ဖွဲ့တွေက နိုင်သလောက် ထိန်းသိမ်း ကြပ်မတ် ရှင်းလင်း နေရတယ်လို့ မန္တလေးမြို့ခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ (၇၈)လမ်း၊ စစ်အုပ်စုပိုင် ဂန္ဓမာအရောင်းဆိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေး လမ်းကြားထဲမှာ စစ်အုပ်စုက ဆက်ကြေးကောက်ပြီး လောင်ကစားဝိုင်းတွေ ဖွင့်လှစ်ခွင့်ပြုထားလို့ မန္တလေးမြို့ပြ ပြောက်ကျား မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - MDY PDF ရှင်းလင်းပညာပေးခဲ့ရပါသေးတယ်။

မန္တလေးမှာ စစ်အုပ်စုက ဆက်ကြေးကောက်ပြီး လောင်ကစားဝိုင်းတွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေ ပေါ်တင်လုပ်ကိုင်ခွင့် ပြုထားသလို လောင်းကစားသမားတွေ၊ ပျူတွေ၊ ထောင်ထွက်တွေကို မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ ရပ်ကွက် အုပ်ချူပ်ရေးမှူးတွေ အဖြစ် ခန့်အပ်ထားပြီး လက်နက်ထုတ်ပေးကာ ဓားပြတိုက်၊ လုယက်၊ ဆက်ကြေးကောက်ပြီး ငွေရှာပေးဖို့ ခိုင်းစေထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်၊ လုယက်၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်အုပ်စုက အရေးယူနိုင်တာ မရှိသလို တချို့သော လုယက်၊ သတ်ဖြတ်၊ ဓားပြမှုတွေမှာ စစ်အုပ်စု ကိုယ်တိုင် ပါဝင်နေတယ်လို့ ယူဆရကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကုလားမတောင်ရွာမှာ စစ်အုပ်စုက ဆက်ကြေးကောက်ပြီး ပေါ်တင်ဖွင့်ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတချို့/Video - Spring Mandalay

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုသိမ်ကြီး #လောင်းကစားဝိုင်း #အုပ်ချုပ်ရေးမှူး #ပျူစောထီး