နှစ်ဖက် အကျအဆုံးများတဲ့ ရေဦး၊ တန့်ဆည်နယ်စပ် တိုက်ပွဲအခြေအနေ ရေဦး ပကဖ နှင့် ဆက်သွယ်မေးမြန်းချက်၊

နှစ်ဖက် အကျအဆုံးများတဲ့ ရေဦး၊ တန့်ဆည်နယ်စပ် တိုက်ပွဲအခြေအနေ ရေဦး ပကဖ နှင့် ဆက်သွယ်မေးမြန်းချက်၊

MFP ၊ အောက်တိုဘာ - ၉

စစ်ကိုင်းတိုင်း ရေဦးနှင့် တန့်ဆည်နယ်အစပ်၊ ရွာဂူကြီးရွာနဲ့ ဒယ်ရောက်ရွာအနီးမှာ အောက်တိုဘာ(၈)ရက် မနေ့က နေ့လည်ပိုင်းက စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အထိအခိုက် အကျအဆုံး များပြားခဲ့ပါတယ်။

ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်ကောင်စီ တပ်မ(၃၃)နဲ့ ပျူစောထီး ပူးပေါင်း အင်အား(၇၀)ခန့်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ (၄၅)မိနစ်ကြာ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီဘက်က ခြောက်ယောက်ထက်မနည်း သေသလို ပြည်သူ့ရဲဘော်တွေဘက်က သုံးဦး ကျဆုံးပြီး လေးဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ရေဦးနဲ့ တန့်ဆည်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ရဲဘော်သုံးဦး ကျဆုံးပြီး လေးဦးကတော့ စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်သွားသလားဆိုတာ အတိအကျ မသိရသေးဘဲ အခုထိတော့ ပျောက်ဆုံးအခြေအနေပဲ သတ်မှတ်ထားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ ရေဦးက ပြောပါတယ်။

လက်ရှိ အတည်ပြုထားတဲ့ ကျဆုံးရဲဘော် သုံးဦးအနက် ရေဦး ပကဖ က အသက်(၂၀)ဝန်းကျင် ခရစ်ယာန်ဘာသာဝင် ရဲဘော် သူရအောင် ဟာ ဦးခေါင်းကို ထိမှန်ကာ ကျဆုံးခဲ့တာ ဖြစ်ပြီး ပျောက်ဆုံးနေဆဲလို့ ယူဆထားတဲ့ ရဲဘော်တွေထဲက ရဲဘော် သူရဆွေ ကတော့ ဖုန်းခေါ်လို့ရပေမယ့် ဖုန်းကိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ရေဦး - တန့်ဆည်နယ်အစပ် ဒယ်ရောက်ရွာ တိုက်ပွဲအခြေအနေနဲ့ နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေတွေကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ဦးကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရေဦး #တန့်ဆည် #ပကဖ #ဒယ်ရောက်ရွာတိုက်ပွဲ