စစ်ကိုင်း၊ မင်းကင်းမှာ စစ်ကောင်စီ ရေယာဉ်ကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်

စစ်ကိုင်း၊ မင်းကင်းမှာ စစ်ကောင်စီ ရေယာဉ်ကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်

MFP ၊ ဩဂုတ် - ၁၁

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ရေယာဉ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိမှန်ပြီး စကစတွေ အသေအပျောက် ရှိနိုင်တယ်လို့ ယင်းမာပင်ဒေသ​ကာကွယ်ရေးတပ် Y.G.D.F က သတင်း ထုတ်ပြန်ပါတယ်။

မင်းကင်းမြို့နယ် ဘင်ကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ရေယာဉ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။) #MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မင်းကင်း #ယင်းမာပင် #ဒေသကာကွယ်ရေးတပ် #ချင်းတွင်းမြစ်