စစ်မက်ကာလ ကလေးသူငယ်တွေကို အကာအကွယ်ပေးရမယ့် နိုင်ငံတကာ စံသတ်မှတ်ချက်များ၊

စစ်မက်ကာလ ကလေးသူငယ်တွေကို အကာအကွယ်ပေးရမယ့် နိုင်ငံတကာ စံသတ်မှတ်ချက်များ၊

MFP ၊ သြဂုတ် - ၂၉

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း တိုက်ပွဲတွေနှင့် စစ်အုပ်စုရဲ့ ဖမ်းဆီး သ-တ်-ဖြတ် မှုတွေကြောင့် ကလေးသူငယ် (၂၀၀)နီးပါး သေဆုံးခဲ့ပါတယ်။

ကလေးသူငယ် နှစ်သိန်းခွဲကျော်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

စစ်ပွဲနှင့် ပဋိပက္ခကာလမှာ ကလေးသူငယ်တွေကို ဘယ်လို အကာအကွယ် ပေးရသလဲဆိုတာ Geneva Call သဘော တူညီချက်ထဲက အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။

- အသက်(၁၈)နှစ်အောက် ယောင်္ကျားလေး၊ မိန်းကလေးတွေကို ကလေးသူငယ်လို့ သတ်မှတ်ပါတယ်။

- တကယ်လို့ ကလေးသူငယ်တွေ အနေနဲ့ ၎င်းတို့ သဘောအလျောက် စစ်ထဲကို ဝင်ရောက်ရင်လည်း တိုက်ပွဲ ဒါမှမဟုတ် တိုက်ပွဲနဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာ လုံး၀ အသုံးမပြုရပါဘူး၊

- ကလေးသူငယ်တွေကို စစ်ထဲဝင်ရောက်ဖို့ ဘယ်လို အခြေအနေ၊ ဘယ်လိုအပြုအမူမျိုးနဲ့မဆို ဖိအားမပေးဖို့ ပြဌာန်းထားပါတယ်။

- တကယ်လို့ ကလေးသူငယ်တွေအနေနဲ့ သူတို့ သဘောအတိုင်း စစ်ထဲဝင်ရောက်မယ်ဆိုရင်လည်း စစ်သားအဖြစ် မစုဆောင်းရပါဘူး၊ စစ်သားအဖြစ် ခွင့်မပြုရဘူး။

- ကလေးသူငယ်တွေကို ထိန်းသိမ်းပါကလည်း နောက်ဆုံး အားကိုးအားထား ပြုရာအနေနဲ့ပဲ လုပ်ဆောင်ရပါမယ်။

- ကလေးသူငယ်တွေကို မည်သည့်အခါတွင်မှ ကွပ်မျက်-သ-တ်-ဖြတ်ခြင်း မပြုရပါဘူး၊

- ကလေးသူငယ်တွေ အနေနဲ့ စစ်တပ်အတွင်းက ထွက်ခွာရင်လည်း ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ နေရပ်ပြန်နိုင်ရေးကို အကာအကွယ်ပေးရပါမယ်။

- လက်နက်ကိုင်လှုပ်ရှားမူတွေ တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်တွေမှာလည်း ကလေးသူငယ်တွေကို အကာအကွယ်ပေးနိုင်ရန် တတ်နိုင်ရာ အားလုံးကို ဆောင်ရွက်ပေးရပါမယ်။

- ကလေးသူငယ်တွေအနေနဲ့ အကူအညီနဲ့ စောင့်ရှောက်မူတွေကို အသေအချာ ရရှိစေဖို့ တတ်နိုင်တဲ့ နည်းလမ်းအားလုံးကို ဆောင်ရွက်ပေးရပါမယ်။

- အထက်က စည်းမျည်းတွေကို လက်တွေ့လိုက်နာနိုင်ဖို့ ဆောင်ရွက်ရပါမယ်။ - စည်းမျည်းချိုးဖောက်မူတွေကို နိုင်ငံတကာ သတ်မှတ်စံညွန်းတွေနဲ့အညီ အရေးယူ ဆောင်ရွက်ရပါမယ်။

- စည်းမျည်းတွေကို လေးစားလိုက်နာခြင်း ရှိ၊မရှိ စောင့်ကြည်စစ်ဆေးဖို့ ဂျီနီဗာ တောင်းဆိုချက်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သတ်မှတ်ထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေ အတိဒုက္ခ မရောက်စေဖို့ ဂျီနီဗာတောင်းဆိုချက်လို စည်းမျည်းတွေကို သက်ဆိုင်ရာ အားလုံးက လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးသူငယ် #စစ်ပွဲ #Geneva_Call