MFP ၊ သြဂုတ် - ၁၅
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ရင်း သြဂုတ်(၁၂)ရက်က ကျဆုံးခဲ့ရတဲ့ သပြေညို ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် ဒေါင်းနီ ရဲ့ ဈာပနကို သြဂုတ်(၁၃)ရက်မှာ ကျင်းပခဲ့တယ်လို့ သပြေညို ပြောက်ကျားတပ်က သတင်း ထုတ်ပြန်ပါတယ်။
သပြေညို ပြောက်ကျားတပ်ဖွဲ့က ရဲဘော် ငြိမ်းချမ်းအောင် (ခ) ဒေါင်းနီ (၂၂နှစ်)ဟာ သြဂုတ်(၁၂)ရက် ညနေ(၅)နာရီကျော်က တိုက်ပွဲဝင်ဖို့ ပြင်ဆင်ရင်း မတော်တဆမှုဖြစ်ကာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
“ရဲဘော် ဒေါင်းနီဟာ မအလဂျပုရဲ့ အာဏာမသိမ်းခင်ကာလက ဘဝဆည်းဆာ ဗြဟ္မစိုရ် သုခိတာ လူမှုကူညီရေး အသင်း - အဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ - တပ်ဖွဲ့ဝင် ၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ စတဲ့ လူထုအကျိုးပြု လုပ်ငန်းများစွာကို ပြုလုပ်ခဲ့တဲ့ ပရဟိတ သမားကောင်း တစ်ယောက်ဖြစ်ပါတယ်။ ဓမ္မနဲ့ အဓမ္မ ခွဲခြားသိမြင်ပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ထုတ်ဖို့ ကြိုးစားရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် သူ့၏ အသက်ကို ပေးလှူသွားခဲ့သည်” လို့ သပြေညို ပြောက်ကျားတပ်ဖွဲ့ က ဖော်ပြပါတယ်။
သပြေညို ပြောက်ကျားတပ်ဖွဲ့ ဟာ စစ်ကိုင်းတိုင်း အရာတော်နယ်မှာ အခြေပြုပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပြေညို #ပြောက်ကျား #ရဲဘော် #ကျဆုံး #PDF