MFP Daily News - ဩဂုတ်(၃၁)ရက် မန္တလေး သတင်းများ

MFP Daily News - ဩဂုတ်(၃၁)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ ဩဂုတ်(၃၁)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်မှာ ရပ်ကွက်ထဲက အိမ်တွေကို ကျူးကျော်ဆိုပြီး ဖျက်ဆီးဖို့လာတဲ့ စကစ အုပ်ကြီးနှင့် ပျူအဖွဲ့ကို ပြည်သူတွေက ပြန်ခုခံခဲ့ရာ အုပ်ကြီးနှင့်အဖွဲ့ ထွက်ပြေးသွားပြီး ဘက်ဟိုးတစ်စီးနှင့် ဘက်ဟိုးမောင်းသူနှစ်ယောက် ဖမ်းမိခဲ့ပါတယ်။ ပြည်သူတွေက ဖမ်းဆီးထားတဲ့ ဘက်ဟိုးမောင်းသူ နှစ်ယောက်ကို စစ်အုပ်စုက ပြန်ခေါ်သွားတယ်လို့ ဆိုပါတယ်။

၂။ မန္တလေးမြို့ပေါ်မှာ နယ်မြေစိုးမိုးဖို့အတွက်ဆိုပြီး စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်တွေက ဒေသခံ ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံပြီး ခြိမ်းခြောက်တာ၊ ချော့မော့ စည်းရုံးတာတွေ လုပ်ဆောင်နေပါတယ်။

၃။ မန္တလေးမြို့က ထူးချွန်ဆရာဝန် ဒေါက်တာကျော်ကျောက်သက်ကို စစ်အုပ်စုက ဖမ်းဆီးပြီး ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ပါတယ်။ ထူးချွန်ဆရာဝန် ဒေါက်တာကျော်ကျော်သက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လမှာ စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ၂၀၂၂ မေ(၉)ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် သုံးနှစ်၊ ယခု သြဂုတ်(၃၀)ရက်မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

၄။ မန္တလေးတိုင်း စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ထဲက ရွှေလုပ်ငန်းရှင်တွေ အနေနဲ့ တော်လှန်ရေးမှာ ပါဝင်ကူညီကြဖို့ သပိတ်ကျင်းနယ် NUG တပ်ရင်း(၁၂၂၂) က တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စုကို ဆက်ကြေးပေးပြီး လုပ်ကိုင်နေတဲ့ ရွှေတူးဖော်ရေး ကုမ္ပဏီတွေအနေနဲ့ တော်လှန်ရေး တိုက်ပွဲမှာ မပါဝင်လာဘူးဆိုရင် Thabeikkyin PDF နဲ့ Singu PDF တို့ရဲ့ စီးပွါးရေးအရ အရေးယူပိတ်ဆို့ အပြစ်ပေးတာတွေ ရှိလာမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ