MFP ၊ သြဂုတ် - ၅
စစ်ကိုင်းတိုင်း အရာတော်နှင့် မြင်းမူနယ်ထဲ ရွာစသ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို သြဂုတ်(၃)ရက်က မလဲသာရွာထဲ ဝင်မွှေလုယက်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူ Knight Commanders PDF (MMU) က သတင်း ထုတ်ပြန်ပါတယ်။
ဩဂုတ်(၃)ရက်က မြင်းမူဘက်ကနေ ကူးလာပြီး အရာတော်နယ် မလဲသာကျေးရွာထဲ စီးနင်းဝင်မွှေ ဓားပြတိက်လုပ်နေတဲ့ အင်အား (၄၀)ကျော်ပါ အကြမ်းဖက်စစ်အုပ်စုကို တာဝေးပစ် (၈၀မမ)၊ (၆၀ မမ) လက်နက်ကြီး လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မြေပြင်ရဲဘော်များ၏ သတင်းပေးချက်အရ အကြမ်းဖက်အဖွဲ့များ၏ တည်နေရာအား ထိထိမိမိ ကျရောက်ခဲ့ပြီး (စခ) အများအပြား ထိခိုက် ဒဏ်ရာရ” Knight Commanders PDF (MMU) က ဖော်ပြပါတယ်။
အဲ့ဒီ စစ်ဆင်ရေးကို Knight Commanders PDF (MMU) နဲ့အတူ မဟာမိတ်ညီနောင်အဖွဲ့တွေ ဖြစ်တဲ့ Zamini Revolution Force (MMU) ၊ Nway Oo Takhon (PDF) နဲ့ စစ်ကိုင်းခရိုင်တပ်ရင်း(၁) တို့ ပူးပေါင်း တိုက်ခိုက်တာလို့ ဆိုပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #မလဲသာ #PDF