“တာဝန်ကိုယ်စီ အားတင်း ရှေ့ဆက်လှမ်း” နေတဲ့ မန္တလေး PDF ရဲဘော်တွေရဲ့ တစ်နေ့တာ မှတ်တမ်း၊

“တာဝန်ကိုယ်စီ အားတင်း ရှေ့ဆက်လှမ်း” နေတဲ့ မန္တလေး PDF ရဲဘော်တွေရဲ့ တစ်နေ့တာ မှတ်တမ်း၊

MFP ၊ အောက်တိုဘာ - ၆

Video - Mandalay People's Defence Force

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY PDF ရဲဘော်တွေရဲ့ တနေ့တာ လှုပ်ရှားမှု မှတ်တမ်း ရုပ်သံကို Mandalay People's Defence Force ဖေ့်စဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

“တော်လှန်ရေးဟာ ရပ်တန့်နေခြင်း မရှိသလို ၊ ဆုတ်ယုတ်သွားခြင်းလည်း မရှိပါဘူး။ ပြည်သူများ၏ စုပေါင်းအားဖြင့် ပန်းတိုင်ဆီသိုသာ မှန်မှန် ချီတက်လျက်ရှိပါသည်။ ထိုတော်လှန်ရေး အရွေ့အတွင်းမှ MDY PDF ၏ အုတ်တချပ် သဲတပွင့်ပါဝင်မှု ၊ ဒါ့အပြင် တော်လှန်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး MDY PDF မှ စစ်သည်တော်များ ၊ စစ်မေများ၏ တနေ့တာ ဆောင်ရွက်မှုများကို တင်ပြလိုက်ရပါသည်” လို့ မန္တလေး PDF က ဖော်ပြပါတယ်။

စစ်ပွဲမှာ အောင်မြင်မှု ရဖို့ နေ့မအား၊ ညမအား တာဝန်ထမ်းဆောင်နေကြတယ်လို့လည်း မန္တလေး PDF က ဆိုပါတယ်။

“စစ်ပွဲ တစ်ပွဲ အောင်နိုင်ရေးအတွက် ဘက်ပေါင်းစုံ ၊ ရှုထောင့်ပေါင်းစုံ ၊ ဌာနပေါင်းစုံမှ နေ့မအား ညမနား တာဝန်ကိုယ်စီ ထမ်းရင်း ရှေ့ဆက်လှမ်းလျက် ရှိပါသည် ။ ရောင်နီလာမယ့် မနက်ကို အတူတကွ ခံစားကြပါစို့။ တိုက်ပွဲရှိရင်အောင်ပွဲ ရှိမယ် ၊ အဲ့ဒီအောင်ပွဲ ပြည်သူ့အောင်ပွဲ” လို့ မန္တလေး PDF က ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးPDF #MDYPDF