MFP ၊ သြဂုတ် - ၁၃
စစ်ကိုင်းတိုင်း ယင်းမာပင် - ပုလဲနယ်ထဲ အကြမ်းဖက် စစ်အုပ်စုက လေကြောင်းရော မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်ပြီး လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပေမယ့် မြန်မာ့တော်ဝင် နဂါးတပ်တော် - MRDA ခေါင်းဆောင် ဗိုလ်နဂါးက သူအနေနဲ့ ဘေးကင်းလုံခြုံကြောင်း သတင်းစကား ပါးပါတယ်။
MRDA တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ဗိုလ်နဂါးကို ဆက်သွယ်မေးမြန်းထားတဲ့ အသံဖိုင်မှာ ဗိုလ်နဂါးက သူ့အနေနဲ့ ဘေးကင်းလုံခြုံတယ်လို့ ဖြေကြားထားပါတယ်။ လက်ရှိမှာ စစ်အုပ်စုက ယင်းမာပင်နယ် မုံတိုင်ပင်ရွာကို နှစ်ရက်ဆက် ရဟတ်ယာဉ်စုံးကာ ပစ်ခတ်ကာ အကြမ်းဖက် စီးနင်း သောင်းကျန်းနေတာ ဖြစ်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။) #MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #MRDA #ဗိုလ်နဂါး