မင်္ဂလာပါခင်ဗျာ
ဩဂုတ် (၁၀)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ဖော်ပြပေးပါမယ်။
၁။ မန္တလေးမှာ ဘုရားပရဝုဏ်ကို ပိတ်ပြီး ကင်းဂိတ်ဖွင့်ကာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု ဒီမနက် ဗုံးထုခံရပြီး နှစ်ယောက်ထိကာ တစ်ယောက်က မသေမရှင် ဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ မဟာအောင်မြေမြို့နယ် ၃၆ လမ်းနဲ့ ၈၅ လမ်း အနီး ဒဟတ္တောဘုရားဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ဗုံးထုခံခဲ့ရတာပါ။
။။။။။။။။။။
၂။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းက ဂိတ်အစောင့်ကျနေတဲ့ စကစရဲတစ်ယောက် မနေ့ညက သူကိုင်ထားတဲ့သေနတ်ကနေ ကျည်ထွက်ပြီး ခြေထောက်ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။
။။။။။။။။။။
၃။ မတ္တရာမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး သုံးယောက် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် ဒီမနက်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။ ပစ်ခတ်ခံရပြီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောဆိုပါတယ်။
။။။။။။။။။။
၄။ ထီးချိုင့်-မန္တလေးလမ်း၊ သပိတ်ကျဉ်းမြို့နယ်ထဲ ဖြတ်သန်းမောင်းနှင်တဲ့ သုံးစီးပါ စစ်ယာဉ်တန်း ကို ပဒေသာမိုင်း ခုနစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ သုံးနေရာခွဲပြီး စောင့်ကြိုတိုက်ခိုက်ရာ စကစ ငါးယောက်သေတယ်လို့ ကြာညှပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ဆီက ပြောပါတယ်။
။။။။။။။။။။
၅။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ၊ မိုးတောင်ရွာက စကစခန့်အုပ်ချုပ်ရေးမှူးရဲ့တပည့် သတင်းပေး ဘအေး ဆိုသူကို ဒီမနက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
။။။။။။။။။။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPရဲ့မန္တလေးသတင်းများ