ယင်းမာပင် PDA တပ်ဖွဲ့က ရိုင်ဖယ်သေနတ် ထုတ်လုပ်အောင်မြင်ပြီး စမ်းသပ်ပစ်ခတ်ပြ၊
MFP ၊ သြဂုတ် - ၁၂
လက်လုပ် ရိုင်ဖယ်သေနတ် ထုတ်လုပ်အောင်မြင်ပြီ ဖြစ်ကြောင်း ယင်းမာပင် PDA တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
(၅.၅၆)ကျည်သုံး ဘောက်ထိုး ရိုင်ဖယ်သေနတ်ကို PDA တပ်ဖွဲ့ရဲ့ ထုတ်လုပ်ရေးစခန်းက အောင်မြင်စွာ တီထွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးကြသူတွေကို ကျေးဇူးတင်ကြောင်းလည်း PDA က ဖော်ပြပါတယ်။
“ကျွန်ုပ်တို့ PDA ၏ ထုတ်လုပ်ရေးစခန်းမှ ထုတ်လုပ်အောင်မြင်ခဲ့သော (၅.၅၆)ကျည်သုံး ရိုင်ဖယ် အမျိုးအစား ဖြစ်ပါသည်။ အဖက်ဖက်က အောင်မြင်အောင် ဝိုင်းဝန်း ပံ့ပိုးခဲ့ကြသော ပြည်တွင်း ပြည်ပ မိတ်ဆွေများ (အလှုရှင်များ)နှင့်တကွ PDA ထုတ်လုပ်ရေး စခန်းမှ ရဲဘော်ရဲဘက်များကိုလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း နှင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်” လို့ PDA သတင်းနှင့်ပြန်ကြားရေး က ဖော်ပြပါတယ်။
စစ်အာဏာရှင် ကျဆုံးရေး တိုက်ပွဲဝင်နေတဲ့ နိုင်ငံတဝန်းက တော်လှန်ရေး တပ်ဖွဲ့တွေဟာ အော်တိုမောင်းပြန် သေနတ်တွေ ဝယ်ယူ သုံးစွဲနိုင်ခြင်း မရှိတာကြောင့် လက်နက်တွေ ကိုယ်တိုင်တီထွင် ထုတ်လုပ်ပြီး တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #PDA #ရိုင်ဖယ် #PDF