ကနီနယ်မှာ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို တိုက်ခိုက်၊ စကစ (၂၀)ကျော်သေဟုဆို၊

ကနီနယ်မှာ စစ်အုပ်စုရဲ့ ရေယာဉ်တွေကို တိုက်ခိုက်၊ စကစ (၂၀)ကျော်သေဟုဆို၊

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ရေယာဉ်တွေကို စစ်ကိုင်းတိုင်း ကနီမြို့နယ် မြွေဝိုင်းတောင်အနီးမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စကစ (၂၀)ကျော်သေကာ အလောင်းတွေကို မီးရှို့သွားတယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - DRPA က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၇)ရက် မနေ့က စစ်သင်္ဘောတစ်စီးနှင့် ထောက်ပို့ မော်တော်ရေယာဉ် သုံးစီးကို DRPA ၊ KGF ၊ IA ၊ Black Shadow နှင့် နယ်မြေခံ ပကဖ ပူးပေါင်းအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲအတွင်း ထောက်ပို့ သင်္ဘောနှစ်စီး လက်နက်ကြီး တိုက်ရိုက်ထိမှန်ပြီး ကျရှုံးဒဏ်ရာ ရများသည်ကိုသာ သိရသည်။ တိုက်ပွဲအပြီး မိမိတို့ ပူးပေါင်းအဖွဲ့ အထိခိုက် မရှိဆုတ်ခွာခဲ့သည်။ စကစတပ်သားများသည် တိုက်ပွဲအပြီး ကနီနယ် ယင်းရွာတွင် ဝင်ခို၍ ရုပ်လောင်းများအား မီးရှို့သွားရာ (၂၀)ကျော်ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်” လို့ DRPA က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ လက်နက်ခဲယမ်းနှင့် ရိက္ခာတွေကို ရေယာဉ်တွေနဲ့ တင်ဆောင်ပြီး မုံရွာကတဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ကြားဖြတ် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ချင်းတွင်း #PDF #DRPA #ရေယာဉ် #တိုက်ပွဲ