စစ်ကိုင်းမှာ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတာကို တုန့်ပြန်တဲ့အနေနဲ့ ပျူစခန်းကို ဗုံးလေးလုံးတွဲ ဒရုန်းနဲ့ ဗုံးကြဲ၊

စစ်ကိုင်းမှာ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတာကို တုန့်ပြန်တဲ့အနေနဲ့ ပျူစခန်းကို ဗုံးလေးလုံးတွဲ ဒရုန်းနဲ့ ဗုံးကြဲ၊

MFP ၊ စက်တင်ဘာ - ၁

စစ်ကိုင်းမြို့နယ် တောင်ကြားရွာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာသ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ တောင်ကြားရွာအနီးက ကြွယ်ပုံရွာ ပျူစခန်းကို ဗုံးလေးလုံးတွဲ တပ်ဆင်နိုင်တဲ့ ဒရုန်းနဲ့ မနေ့က ညနေပိုင်းမှာ တုန့်ပြန် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

“စစ်ကိုင်းမြို့နယ် တောင်ကြားရွာကို ထိတွေ့တိုက်ပွဲ မရှိဘဲ စကစက ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့ပြီး ကြွယ်ပုံရွာမှာ အခြေပြုနေတဲ့ စကစတပ်နှင့် ပျူစောထီးအဖွဲ့များ လက်နက်ကြီး ပစ်ခတ် ဝင်ရောက် မီးရှို့ နေတယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကြောင့် မိမိတို့ PDF ညီနောင်များမှ သြဂုတ်(၃၁)ရက် ညနေ(၄)နာရီခန့်တွင် စစ်ကိုင်းမြို့နယ် ပျူဌာနချုပ် ဖြစ်သော ကြွယ်ပုံကျေးရွာကို ဒရုန်းဖြင့် အညာထန်းသီး ငါးလုံး ခြွေချခြင်းနှင့် (၆၀မမ) ငှက်ပျောဖူး နှစ်လုံး ကျွေးခဲ့ပါသည်။ သတင်းရယူရန် ခက်ခဲသော ပျူကျေးရွာ ဖြစ်သောကြောင့် ခွေးအကျအဆုံး သတင်းအရေအတွက် အတိအကျ မသိရသော်လည်း ယနေ့နံနက်တွင် ကြွယ်ပုံသုဿာန်တွင် မီးရှို့နေခြင်း သေနတ်ပစ်ဖေါက် အခမ်းအနား ပြုလုပ်ခြင်းကြောင့် ခွေးများ ဂိသည်မှာ သေချာပါသည်။ စာအုပ်ရောင်းထွက်ရမည့် ခွေးများနိုင်ပါသည်” လို့ မြင်းမူ Myin Mu Defence Force MMDF က ဆိုပါတယ်။

စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာ ပျူစခန်း ဗုံးကြဲတိုက်ခိုက်မှုကို MMDF ၊ GTR MMU၊ စစ်ကိုင်းခရိုင် တပ်ရင်း(၂)၊ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း(၆) နှင့် ဒေသကာကွယ်ရေး ညီနောင်အဖွဲ့တွေ စုပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာ ပျူစခန်းမှာ အထိုင်ချနေတဲ့ စစ်အုပ်စုနှင့် ပျူတွေဟာ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သောင်းကျန်းနေပြီး သြဂုတ်(၃၀)နှင့်(၃၁)ရက်က နှစ်ရက်ဆက်အဖြစ် ကြွယ်ပုံရွာအနီးက တောင်မြို့နှင့် တောင်ကြားရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက်ကာ နေအိမ်တွေကို မီးရှို့ခဲ့သလို တောင်မြို့ရွာက အသက်(၁၇)နှစ်အရွယ် လုငယ်တစ်ဦးကိုလည်း သ-တ်-ဖြတ်ခဲ့ပါတယ်။ စစ်အုပ်စုနှင့် ပျူတွေ လုယက် ဓားပြတိုက် မီးရှို့လို့ တောင်မြို့ရွာမှာ နေအိမ်အလုံး (၄၀)ဝန်းကျင်နှင့် တောင်ကြားရွာမှာ နေအိမ်အလုံး (၁၇၀)ကျော် မီးလောင်ပြာကျခဲ့တယ်လို့ သတင်း ရရှိပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကြွယ်ပုံရွာပျူစခန်း #တောင်မြို့ရွာ #တောင်ကြားရွာ