ချင်းတွင်းမြစ်ဘေးမှာ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ မှတ်တမ်းဗွီဒီယို ရိုက်ကူးတဲ့ ရဲဘော်တစ်ဦး ဒဏ်ရာရ၊

ချင်းတွင်းမြစ်ဘေးမှာ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ မှတ်တမ်းဗွီဒီယို ရိုက်ကူးတဲ့ ရဲဘော်တစ်ဦး ဒဏ်ရာရ၊

MFP ၊ စက်တင်ဘာ - ၇

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်ဘေးမှာ ပြီးခဲ့တဲ့ သြဂုတ်(၂၃)ရက်က စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစတွေ အသေအပျောက် များနိုင်သလို မှတ်တမ်းဗွီဒီယို ရိုက်ကူးတဲ့ ပြည်သူ့ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကနီ Kani Guerrilla Force – KGF က သတင်း ထုတ်ပြန်ပါတယ်။

“ချင်းတွင်းမြစ်ကမ်းဘေး တလျှောက် မဟာမိတ်တပ်ပေါင်းစုများနှင့် စကစများ မြေပြင်တိုက်ပွဲတခု ဖြစ်ပွားခဲ့ပြီး အပြန်အလှန် ပစ်ခက်မှုများ ပြင်းထန်ခဲ့ခြင်းကြောင့် မဟာမိတ်တပ်ပေါင်းစု ဘက်မှ တိုက်ပွဲရုပ်သံမှတ်တမ်း ရိုက်ကူးရေး ရဲဘော်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် တိုက်ပွဲမှတ်တမ်း မပြည့်စုံရခြင်း ဖြစ်ခဲ့ရသည်” လို့ ကနီ KGF က ဆိုပါတယ်။

စစ်အုပ်စုဟာ ကနီနယ်ထဲ ဖုန်းနှင့် အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားကာ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းပြီး လူသ-တ်၊ ဓားပြတိုက်၊ မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ချင်းတွင်းမြစ် #KGF