MFP ရဲ့ စက်တင်ဘာ(၅)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ(၅)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၅)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ မြင်းခြံမြို့ မြို့မဈေးကြီးရဲ့ တောင်ဘက်က ဝိန့်ဆန်းရွှေဆိုင်ကို ဓားပြတိုက် လုယက်ခဲ့တယ်လို့ ယူဆရတဲ့ စစ်အုပ်စုရဲ့ ပျူတွေ အချင်းချင်း ပစ်ခတ်မှု ဖြစ်လို့ ပျူတစ်ယောက် ထွက်ပြေးနေရပါတယ်။ စက်တင်ဘာ(၃)ရက် ညဦးပိုင်းက မြင်းခြံမြို့ အမှတ်(၁၉)ရပ်ကွက်ထဲက စစ်ကောင်စီ လက်သပ်မွေးထားတဲ့ ပျူတွေ အချင်းချင်း ပစ်ခတ်မှု ဖြစ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ သြဂုတ်(၂၈)ရက် နေ့လည်က မြင်းခြံမြို့က ဝိန့်ဆန်းရွှေဆိုင်ကို ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသားလေးဦးက ဆိုင်ထဲဝင်ပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ဓားပြတိုက်လို့ ရွှေချိန် တစ်ပိဿာကျော် လုယက်ခံလိုက်ရတာ ဖြစ်ပြီး အဲ့ဒီ ဓားပြမှုကို စစ်အုပ်စုနဲ့ ပျူတွေက ကျူးလွန်တာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

၂။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ လမ်း(၁၂၀)နှင့် လမ်(၆၀)ထောင့်၊ အင်းခရုဘုရားအနီးက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT ရုံးဝင်းထဲ အထိုင်ချကာ ပြည်သူကို ဖမ်းဆီးငွေညှစ် ရန်ပြု သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မနေ့က မနက်ပိုင်းမှာ ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ Mandalay Young Force - MYF က ထုတ်ပြန်ပါတယ်။

၃။ တပ်ဖွဲ့ဝင် ရဲဘော်တွေ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတာကြောင့် Mandalar Pintagon Combat Troop - MPCT အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီလို့ အဲ့ဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

၄။ စစ်အုပ်စု ကင်းပတ်နေတဲ့ကြားက ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဒီနေ့ စက်တင်ဘာ(၆)ရက်မှာ မန္တလေး သပိတ်အင်အားစုက မန္တလေးမြို့ပေါ် ချီတက် ဆန္ဒပြခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ