စစ်ရှိန်မြှင့်ဖို့ မဟာမိတ်တွေ ပူးတွဲလေးကျင့်တဲ့အနေနဲ့ ပခုက္ကူ ရွာထဲက စစ်အုပ်စုကို တိုက်ခိုက်၊

စစ်ရှိန်မြှင့်ဖို့ မဟာမိတ်တွေ ပူးတွဲလေးကျင့်တဲ့အနေနဲ့ ပခုက္ကူ ရွာထဲက စစ်အုပ်စုကို တိုက်ခိုက်၊

MFP ၊ အောက်တိုဘာ - ၅

စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်နိုင်ဖို့ မဟာမိတ်တပ်တွေ ပူးတွဲ စစ်ရေးလေ့ကျင့်တဲ့ အနေနဲ့ မကွေးတိုင်း ပခုက္ကူမြို့ အနောက်ဘုန်းကံ ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို မနေ့က ညနေပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - Young Force က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၄)ရက် ညနေ(၄)နာရီက ပခုက္ကူမြို့၊ အနောက်ဘုန်းကံရွာထဲက စစ်အုပ်စုကို Myaing Villages Revolution Front ၊ RSO (PKU)၊ Pakokku Ranger၊ ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) နှင့် ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - Young Force တို့ ပူးပေါင်းပြီး တာဝေးပစ်ဒုံး (Rocket)တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပခုက္ကူမြို့ အနောက်ဘုန်းကံတွင် တပ်ဆွဲ ထားသော (စကစ) တပ်အား မဟာမိတ်တပ်ဖွဲ့များနှင့် အတူ တာဝေးပစ် (Rocket)များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ (စကစ)ဘက်မှ (၆၀မမ) ငါးလုံးထက်မနည်း ပြန်လည် ပစ်ခတ်ခဲ့ပါသည်။ (နှစ်လုံးသာ ပေါက်ကွဲခဲ့ပါတယ်) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပါသည်” လို့ Young Force UG တပ်ဖွဲ့ ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုဟာ မဟာမိတ်တွေ ပူးတွဲလေးကျင့် စစ်ဆင်ရေးနှင့် နည်းပညာ မျှဝေခြင်းအတွက် ဦးစားပေး လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အထိအခိုက် အခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။

“ထို တိုက်ခိုက်မှုအား မဟာမိတ် ပူးတွဲ လေးကျင့် စစ်ဆင်ရေးနှင့် နည်းပညာ မျှဝေခြင်း အတွက် (ဦးစားပေး) ဆောင်ရွက်ခဲ့ခြင် းဖြစ်ပါတယ်။ ပူးတွဲစစ်ဆင်ရေးများဖြင့် တော်လှန်ရေး အရှိန်အဟုန် မြှင့်တင်သွားမည် ဖြစ်ပါသဖြင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးပစ်မှတ်များ အနီးတွင် နေထိုင်ခြင်း၊ သွားလာခြင်းများ မပြုလုပ်ရန် အသိပေး ထုတ်ပြန်အပ်ပါသည်” လို့ Young Force UG တပ်ဖွဲ့ ဖော်ပြပါတယ်။

ပခုက္ကူနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်တွေက ရရာနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပခုက္ကူ #YoungForce #MVRF